RSS Feed ၏ အသုံးဝင်ပုံ


အခုဆိုရင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ အင်တာနက် ထဲမှာ အမျိုးမျိုး ၊ အဖုံဖုံသော Website တွေ ရှိကြပါတယ်...မိမိ ရှာဖွေလိုတဲ့ Application, Game, Knowledge အစရှိတာတွေကို Google Search Engine ကို အသုံးပြုပြီးတော့ နေရာအနှံ့သွားလာနေကြပါတယ်.....မိမိသိရှိလိုတဲ့ ဗဟုသုတ တွေကို အင်တာနက်ထဲမှာ ရှာဖွေကြသလို မိမိနားထောင်ချင်တဲ့ သီချင်း ၊ စာအုပ် အစရှိသည်တို့ကိုလည်း ဒီ အင်တာနက်ထဲမှာပဲ နေ့စဉ်နဲ့အမျှ ရှာဖွေဖတ်ရှု စုဆောင်းနေကြရပါတယ်.....

ထိုကဲ့သို့ ရှာဖွေစုဆောင်းရင်းနဲ့မှ မိမိအတွက် အသုံးဝင်မယ် ထင်တဲ့ Website တော်တော်များများကိုလည်း တွေ့ရှိလာခဲ့ကြပါတယ်....ယခု နောက်ပိုင်း ကျွန်တော်တို့ မြန်မာ အချင်းချင်း ဗဟုသုတ ရစေလိုတဲ့ ဆန္ဒနဲ့ မိမိသိထားသမျှတွေကို ပြန်လည် Share လုပ်တဲ့အနေနဲ့ Blogspot, Wordpress အပြင် ကျန်တဲ့ Free Hosting တော်တော်များများကနေ ကိုယ်ပိုင် Website တစ်ခု တည်ဆောက်ပြီး ဝေမျှနေကြပါတယ်....ဝေမျှတဲ့နေရာမှာလည်း စာဖတ်သူများအတွက်ပါ အဆင်ပြေအောင် RSS(Really Simple Syndication) Feed တွေ လုပ်ပေးထားပါတယ်.....RSS Feed ဆိုတာကတော့ စာရေးသူရဲ့ Website မှာ ရေးထားသမျှ Update Post တွေကို Feed Burner မှ တစ်ဆင့် Subscribe လုပ်ထားတဲ့ စာဖတ်သူရဲ့ E-mail ကို တစ်ဆင့်ခံအနေနဲ့ ပြန်လည် ဝေမျှပေးတဲ့လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်....ထို Feed Burner ကမှ တစ်ဆင့် မိမိဖတ်ရှုလိုတဲ့ Website ရဲ့ ပို့စ်တွေကို Subscribe လုပ်ပြီး မိမိ Mail မှတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်....အဓိက အရေးကြီးတာကတော့ Subscribe Box မှာ မိမိလက်ခံလိုတဲ့ Email ကို ရိုက်ထည့်ပြီး Subscribe လုပ်ကြပေမယ့် Feed Burner ဆိုဒ်ကနေ ပေးပို့တဲ့ Activation Link ကို ပြန်လည်ပြီး Activate မလုပ်ခဲ့ဘူးဆိုရင်တော့ မိမိ Subscribe လုပ်ထားတဲ့ Email ကို ထို Website မှ Update ပို့စ်တွေ ပို့ပေးနိုင်မှာ မဟုတ်ပါဘူး.....ဘာဖြစ်လို့လည်း ဆိုတော့ Feed Burner ရဲ့ သဘောတရားက စာဖတ်သူမှ Agree လုပ်ပေးမှသာ ပို့စ်အသစ်တွေကို ပြန်လည် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်....Feed Burner ရဲ့ အားသာချက်ကတော့ မိမိ
ဖတ်ရှုလိုတဲ့ Website တွေရဲ့ Update ပို့စ်တွေကို Email မှ အလွယ်တစ်ကူ နေ့စဉ်နှင့်အမျှ စောင့်ဖတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်....(ထို့ကြောင့် စာဖတ်ရတာ ၀ါသနာ ပါတဲ့သူတွေအတွက် RSS ဆိုတဲ့ Feed Burner ကို အသုံးပြုပြီး မိမိ၏ Email မှတစ်ဆင့် အလွယ်တစ်ကူ ဖတ်ရှုနိုင်သလို စာဖတ်လိုသူများဘက်မှလည်း Feed Burner ဆိုဒ်မှ ပို့ပေးသော Activation Link များကိုလည်း မမေ့မလျှော့ ပြန်လည် Activate လုပ်ဆောင်ပြီး မိမိ ဖတ်ရှုလိုသော Website များမှ Update ပို့စ်များကို အလွယ်တစ်ကူ ဖတ်ရှုနိုင်ရန် အကြံပြု ဖော်ပြလိုက်ပါတယ် ခင်ဗျာ....)

0 comments:

Post a Comment