Firefox မှာ Menu Bar မပေါ်ဘူးဆိုရင်

ကျွန်တော်တို့ Firefox ကိုအသုံးပြုနေ ကြတဲ့အခါမှာ မိမိတို့ သုံးနေတဲ့ Firefox က Menu Bar ပျောက်သွား သွားလို့ပဲဖြစ်ဖြစ် မိမိတို့က ဆိုဒ်တွေကို အလွယ်တကူ ကြည့်လို့ရအောင် မှတ်ထားတဲ့ Bookmark Toolbar ပျောက်သွားလို့ပဲ ဖြစ်ဖြစ် ဘယ်လိုပြန်လုပ် ရမယ်ဆိုတာကို မသိလို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် Firefox ကိုစစတင်ချင်းမှာ Menu Toolbar တွေဘာတွေ မပေါ်ပဲ Plane ကြီးဖြစ်နေတဲ့ အချိန်မှာ Menu Tool Bar ဘယ်လိုပြန်ဖော်ရမယ် ဆိုတာကို ရေးပေးသွားပါမယ် .. သိပြီးသား သူများကတော့ သီးခံပေးပါ .. မသိသေးတဲ့ သူများအတွက် အခက်အခဲတစ်ခု ဖြစ်နေတာ ကြောင့်ရေးပေးလိုက်တာပါ  ..
ကျွန်တော်တို့ အသုံးပြုနေတဲ့ Firefox မှာ Menu Bar ပျောက်သွားလို့ပဲဖြစ်ဖြစ် ပြန်ထားချင်တယ်ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..

အရင်ဆုံး မိမိတို့ အသုံးပြုနေတဲ့ Firefox ကိုဖွင့်လိုက်ပါ .. ပြီးရင် Firefox အပေါ်မှာရှိတဲ့ Tab Bar လေးပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် ကျွန်တော်တို့က Menu Bar ကိုဖော်ချင်တယ်ဆိုရင် Menu Bar ကိုရွေးပြီး အမှန်ခြစ်လေး ပေးလိုက်ယုံပါပဲ ..
တကယ်လို့ မိမိတို့က ဖတ်ချင်တဲ့ ဆိုဒ်တွေကို မှတ်သားထားတဲ့ Bookmark Toolbar လေးကိုပြန်ဖော်ချင် တယ်ဆိုရင်လည်း Bookmark Toolbar လေးကိုရွေးပြီး အမှန်ခြစ်လေး ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် Bookmark Toolbar လေးပေါ်လာပါလိမ့်မယ်..
ဒီလောက်ဆိုရင်တော့ Firefox မှာ Menu Bar ပျောက်သွားလို့ အခက်အခဲ ဖြစ်နေသူများ အတွက် အဆင်ပြေသွားမယ်လို့ ထင်ပါတယ်..
အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..

0 comments:

Post a Comment