Gmail တွင် Facebook, Twitter ပေါင်းစပ်ထည့်သွင်းခြင်း

Facebook, Twitter, Orkut, Digg, MySpace ကဲ့သို့သော Social Networking service များအပြင် Yahoo Mail, Hotmail စသည်ကဲ့သို့သော email service များကိုလည်း gmail sidebar မှာထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Gmail sidebar မှာ ၄င်း service များကို ထည့်သွင်းအသုံးပြုဖို့ ပထမဦးစွာ ထို service (Add any gadget by URL) ကို Enable လုပ်ပေးရပါမယ်။

Add any gadget by URL ကို Enable လုပ်ခြင်း
  1. gmail login လုပ်ပြီး setting ထဲမှာ Labs ကိုရွေးပါ။
  2. Labs သို့ရောက်လျင် Add any gadget by URL ကိုရှာပြီး enable လုပ်ပါ။ ပြီးလျှင် Save changes လုပ်ပေးပါ။ Setting ထဲတွင် Gadgets ဆိုတဲ့ Tab တစ်ခုတိုးလာမှာဖြစ်ပါတယ်။
  3. Setting ထဲမှ Gadgets ကိုသွားပါ။ မိမိထည့်သွင်းလိုတဲ့ service ရဲ့ address ကို URL Box မှာထည့်သွင်းလိုက်သည်နှင့် Gmail ရဲ့ sidebar မှာပေါ်လာပြီး စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သက်ဆိုင်ရာ service တွေနဲ့ ပက်သက်ပြီး ထည့်သွင်းအသုံးပြုရမည့် address (URL) တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Facebook Gadget URL
http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml

Twitter Gadget URL
https://twittergadget.appspot.com/gadget-gmail.xml

0 comments:

Post a Comment