premium Account ဆိုတာ





ကျွန်တော်တို့ ညီအကိုမောင် နှစ်မတွေထဲ့ မှာ သိတဲ့ သူတွေကကျော်ဖတ်သွားနိုင်ပါတယ်။ တကယ်တော့ Premium အကောင့်တွေက ဘာတွက် သုံးတာလည်း ဘာကြောင့်ပေါ်လာတာလည်းဆိုတာကို စပြောရမှာပါပဲ့။ ဒါကတော့ Online Make Money ပေါ့။ အရင်တုန်းကဆိုရင် Hotfile ကို အရမ်း သုံးကြတယ်။ ပြီးရင် Rapidshare ပေါ့။ သူတို့ နှစ်ဆိုဒ်က အရင်ကတော်တော်လေး နာမည်ကြီးခဲ့တဲ့ Premium ဆိုဒ်တွေဆိုပါတော့။ အကောင့်ကို Free ဖောက်လို့တော့ ရတယ်။ ၁၅ ရက်  ပြည့်တာနဲ့ အကောင့်က Auto Delete ပေါ့။ ဒါပေ့မယ် account ကို ၀ယ်လိုက်ပြီ အွန်လိုင်းပေါ်ကနေ ငွေပေးချေလိုက်ပြီဆိုရင် အဲ့အကောင့်မှာ တင်ထားသမျှ ဖိုင်တွေရော အကောင့်ရော ၀ယ်ထားသမျှ သက်တမ်းတစ်လျှောက်လုံးရော အကောင့်ရော ကိုယ့်စိတ်ကြိုက်သုံးလို့ရပါတယ်။ ဒေါင်းတာကလည်း လုံးဝ Limit မရှိဘူး။
Free User အနေနဲ့ သွားဒေါင်းကြည့်ပါလား။ တဖိုင်ထက် ပိုမရဘူး။ တဖိုင်ပြီးရင် နာရီဝက် တနာရီ စောင့်နေရတယ်။ အဲ့တော့ အရင်လိုတဲ့ အချိန်တွေဆို တော်တော်ခက်သား။။ကိုယ်လိုချင်တဲ့ ဖိုင်က တဖိုင်တည်းဆို ကိစ္စမရှိဘူး ။ ၄ ဖိုင် ၅ ဖိုင်လောက်ဆို တနေကုန်သွားရော။… ဒါကြောင့် Premium အကောင့်ကို ရှာသုံးကြတယ်။ ၀ယ်သုံးကြတယ်။ ကျွန်တော်တို့တော့ မပါဘူးပေါ့ဗျာ ၀ယ်သုံးတာတော့။ ဒါပေ့မယ် အရင်လပိုင်းလောက်တုန်းက www.cyberwarez.info မှာ Forum မှာ အကောင့်ဖောက်ရင် Filesonic.com အကောင့်တခုကို မေလ်းထဲ့ပို့စ်ပေးတယ်။
Premium အကောင့်ဆိုပါတော့။ ဘယ်လိုပဲ့ ဖြစ်ဖြစ်ပါ ကျွန်တော်တို့က Free user ပြီးတော့ ပိုက်ဆံနဲ့ ၀ယ်သုံးဖို့ဆိုတာ တော်တော်လေး အဆင်မပြေတဲ့ အလုပ်ဗျ.. ဒီတော့ ဒီလို အကောင့်တွေကို Free ရနိုင်ဖို့တွက် နေ့စဉ် တင်ပေးသွားမယ်။ နေစွဲလိုက်ပဲ့ အလုပ်လုပ်ပါလိမ့်မယ်။ ကျွန်တော်တို့လည်း ၀ယ်ပြီး ပြန်မျှပေးတာ မဟုတ်ပါဘူ။. ရှာပြီး ပြန်တင်ပေးတာပါ။ Password ချိန်းပြီး သုံးချင်လည်း သုံးလို့ရလားလို့ တချက်ကြည့်ကြည့်ပေါ့ . ရအောင် ချိန်းနိုင်ရင်တော့လည်း ….. စိတ်ကြိုက်လုပ်ပေါ့ဗျာ။.. နေ့စဉ်ကတော့ တင်ပေးသွားနိုင်အောင် ကြိုးစားပေးပါ့မယ်။


Premium Account ကို ဘယ်လိုသုံးလည်း.
ဟုတ်တယ် ဘယ်လိုသုံးလည်းဆိုတာကို မပြောခင် ဒီ Premium, ကို သုံးရင် ကြိုက်သလောက်ဒေါင်း အချိန်တွေ စောင့်စရာမလိုသလို လင့်နိုပ်လိုက်တာနဲ့ ဒေါင်းလုပ်တန်းကြတယ်ပြောရင် လေးစားသွားမလားပဲ့။ အမှန်ပြောတာပါ။ တကယ်ပါ  ဒီအကောင့်တွေကို သုံးရတာ ဒီတခုတော့ အတော်ကောင်းဗျ။ဒါကြောင့်သုံးလို့ သိပ်ကောင်းတယ်။ သုံးပုံလေးက အောက်က ပုံလေးကိုကြည့်လိုက်ရင် သိမှာပါ။ ဥပမာ www.filesonic.com  premium အကောင့်ဆိုပါဆို ဒါဆိုရင်  IDM ရဲ့ option >> Site Login >> new >> ဆိုဒ်နာမည်နဲ့ Premium အကောင့်ကို ထည့်လိုက်ရင် ရပါပြီ။

ဒါမှမဟုတ် Mozilla မှာ အကောင့်ဝင်ထားလည်း ရပါတယ်။




အားလုံးအဆင်ပြေကြပါစေ..

သန့်ဇင်ဌေး

0 comments:

Post a Comment