Hide and Change Ip address with Firefox


ကျွန်တော် ဒီနေ့ရေးပေးမယ့် အကြောင်းအရာလေးကတော့ Ip change တာလေးပါပဲ့။တကယ်တော့ ဒီအကြောင်းအရာ လေးက Proxy ကျော်တာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။ Firefox နဲ့ Ip change တာလေး ဒါမှမဟုတ် Proxy ကျော်တာပါ.
လုပ်ရမဲ့ အဆင့်လေးတွေကလည်း အဲ့လောက်မများပါဘူး ကဲ့ ကျွန်တော်တို့ စမ်းကြည့်ကြရအောင် ဘယ်လိုတွေ အဖြေတွေများထွက်လာမလဲ့ပေါ့။
အဆင့် ၁.. ကျွန်တော်တို့ ဒီလင့်က  Add on လေးကို သွားပြီးတော့ Add to firefox ကို နိုပ်လိုက်ပါ.





အဆင့် ၂.. Add to Firefox ကို နိုပ်ပြီး ခဏစောင့်တာနဲ့ အောက် ဘောက်လေးလိုပေါ်လာပြီး install လုပ်မလားမေးပါလိမ့်မယ် ဒါဆို Install လုပ်လိုက်ပါ...



အဆင့် ၃.. Install လုပ်ပြီးပြီဆိုရင် Firefox ကို Restart တောင်းပါလိမ့်မယ်။ Restart ပြန်တက်လာရင် Firefox အောက်ဆုံးထောင့်လေးနားမှာ အောက်ကပုံလေးလိုတွေ့ပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ install လုပ်ပြီးတဲ့ အဆင့်ကိုရောက်ပါပြီ။



အဆင့် ၄.. ဒ ဒီချိန်မှာ ကျွန်တော်တို့ ကြည့်လို့ မရတဲ့ဆိုဒ်တွေကို ကျော်ကြည့်မှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကျော်နိုင်တဲ့ Proxy ကို သွားယူရပါမယ်။ ဒီတော့ ဒီလင့်ကို http://www.ip-adress.com/proxy_list/?k=type သွားပါ။ ဒီလင့်ကိုရောက်ရင် နိုင်ငံအများကြီးနဲ့ တွေ့နေပါလိမ့်မယ် Check it ဆိုတာလေးကိုနိုပ်ပြီး စစ်ကြည့်လိုက်ရင် ဒီ IP အလုပ်လုပ်လားမလုပ်လားဆိုတာကို ပြပါတယ်။






အဆင့််  ၅... ဒီအဆင့်ရောက်ပြီဆိုရင် အလုပ်လုပ်တယ်လို့ (Working ) ဆိုတဲ့ Proxy သို့မဟုတ် IP ကိုယူလာပြီး ကျွန်တော်တို့ Foxyproxy ပုံလေးကို နိုပ်လိုက်ပါ. ဒီကနေမှ Add New Proxy ကိုရွေးပါ.။ အောက်ကပုံလေးကိုကြည့်ပါ။.





အဆင့် ၆.. ဒီအဆင့်လေးကို ရောက်ရင် အပေါ်မှာ ယူလာခဲ့တဲ့ IP ကို   Host or IP Address ဆိုတဲ့နေရာကွက်လေးမှာထည့်ပေးလိုက်ယုံပါပဲ့ . နောက်က Port ကတော့ ဘာမှ မထည့်ပဲ့ Tab ကို နိုပ်လိုက်ရင် အလိုအလျှောက်ပေါ်လာပါလိမ့်မယ်။





အဆင့် ၇.. ဒီအဆင့်ရောက်ပြီဆိုရင်တော့ Ip လည်း ဖြည့်ပြီးပြီင်္းဆို၇င် ကျွန်တော်တို့ ပြီးပါပြီ။ ဒါဆိုရင် Firefox ကနေ ထည့်ထားတဲ့ Proxy ကျော်တော့မယ်ဆိုရင် ကျော်လို့ ရပါပြီ ။ အဲ့တော့ Firefox အောက်ထောင်က foxy ပုံလေးကို ညာကလစ်နိုပ်ပြီး Use Proxy …................(....= IP) for all URL ကို ရွေးပေးလိုက်ရင် ရပါပြီ ဒါဆို ကြည့်ချင်တဲ့ဆိုဒ်ကိုကြည့်လို့ရပါပြီ ကျော်ကြည့်နေရတဲ့ မြန်မာတွေအတွက်ရောက် တရုတ်က အကိုအစ်မတွေတွက်ပါ အဆင်ပြေမယ်လို့ ထင်ပါတယ်။



ဒါဆို ကျွန်တော်တို့ IP တကယ်ချိန်းသွားပြီလားဆိုတာကို ဒီလင့်မှာ http://www.whatismyip.com/ သွားစစ်ကြည့်လိုက်ပါ. … IP ပါ ချိန်းနေသလို နိုင်ငံတွေပါပြောင်းထားတဲ့အတိုင်းချိန်းနေတာကိုတွေ့ပါလိမ့်မယ်။ “

ဒီလိုဆို သုံးလို့ ရပါပြီ နောက်ပိုင်းမှာ ကျွန်တော် Proxy Software ကောင်းလေးတွေကို တင်ပြပေးပါဦးမယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။

အဆင်ပြေပါစေ..
သန့်ဇင်ဌေး

0 comments:

Post a Comment