Software မပါပဲ image ဖိုင်တွေကို pdf ဖိုင်ပြောင်းနည်း

uesday, January 28, 20140 comments

ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. Image ဖိုင်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..



ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ  ပုံလေး  ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး  Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..

အဆင်ပြေကြပါစေဗျာ



ဆီးချို ပျောက်တဲ့နည်း


ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ
Friday, August 9, 2013

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to:ဦးစန်းမောင် (မန်း)
Mg Mandalay





အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to:ဦးစန်းမောင် (မန်း)



“အားပြည့်ပါပြီ” For Android














Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် အသုံးဝင်ဆော့ဝဲလ်လေးBattery Full Notificationမြန်မာမှုပြုထားတာလေး ကိုတင်ပေးလိုက်ပါတယ်..battery ကို အားသွင်းထားမိလို့ မနက်ကျ boot မတက်တော့တာတို့ ဘာတို့ စတာတွေကြောင့် ဒါလေးကိုလည်း ပြန်လည် မျှဝေသင့်တယ်ထင်လို့ပါ..
သူငယ်ချင်းတွေအတွက်လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်…ရှိပြီးသားသူတွေအတွက်တော့ ဒါလေးကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်…ဒီ apk လေးကိုတော့
“အားပြည့်ပါပြီ” လို့ အမည်ပေးထားပါတယ်…သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့ ရိုးရှင်းပါတယ်…battery အားပြည့်ရင် သတိပေးတာပေါ့…သူ့မှာပါတဲ့
setting လေးတွေကတော့ စုံတယ်ဗျ..
-၁. ကိုယ်ကြိုက်တဲ့ အသံကိုရွေးပေးနိုင်ပါတယ်
-၂.ညဘက် တခြားသူတွေကို အနှောက်အယှက်မဖြစ်အောင် တုန်ခါမှု့နဲ့ ထားလို့ရပါတယ်
-၃.အသံအတိုးအကျယ်အတွက်..ကိုယ်သတ်မှတ်ထားတဲ့ ပုံစံတစ်ခုခုကို ရွေးပေးထားလို့ရပါတယ်
-၄.အသံမမြည်စေလိုတဲ့ အချိန်အပိုင်းအခြားကို သတ်မှတ်ပေးလို့ရပါတယ်
-၅.တစ်ခါသတိပေးပြီးရင် နောက်ဘယ်နှစ်မိနစ်မှာ ထက်သတိပေးပါဆိုတာကိုလည်း သတ်မှတ်ပေးလို့ရပါတယ်
-၆.အဲဒီလိုထက်ထက်ပြီး သတိပေးရမယ် အကြိမ်အရေအတွက်ကိုလည်း သတ်မှတ်ပေးလို့ရပါတယ်
-၇.နောက်တစ်ချက်က battery အား ၁ဝဝ ရာခိုင်နှုန်းပြည့်မှရယ် မဟုတ်ပဲ တခြားရာခိုင်နှုန်းတွေကိုလည်း ပြင်ဆင်သတ်မှတ်ပေးလို့ရပါတယ်
စတဲ့ အချက်တွေနဲ့ ပြည့်စုံတယ်ခင်ဗျ…
ဖုန်းကို လေးလံစေခြင်း အနှောက်အယှက်ဖြစ်စေခြင်း ဘာမှမရှိပါဘူး။ရယူလိုသူများ Myanmar Mobile App Store မှာ download ရယူနိုင်ပါပြီ။





ထီပေါက်စဉ်ကြည့်မယ် For Android


Android OS သုံးဖုန်းတွေအတွက် JAS Mobile ကနေထုတ်လုပ်ထားတဲ့ ဖုန်းဆော့ဝဲလေးဖြစ်ပါတယ်။ မိမိကံစမ်းထားသော ထီလက်မှတ်၏ အက္ခရာနှင့် နံပါတ်များကို ထဥ၁့်သွင်းပြီး “ထီနံပါတ်တိုက်မယ်” ကိုနှိပ်ပြီးစစ်ဆေးနိုင်သလို “ထီပေါက်စဉ်ကြဥ၁်မယ်” ကိုနှိပ်၍လဥ၁်း မိမိထီနံပါတ်ကို မိမိကိုယ်တိုင် တိုက်ကြဥ၁့်နိုင်ပါဥ၁်။ ထီပေါက်စဉ် apk ကို စသုံးစဉ် internet နှင့် ချိတ်ဆက်၍ data ယူရပါမဥ၁်။ ကျန်အချိန်များ တွင် offline သုံးနိုင်ပြီး လစဉ် တစ်လ တစ်ကြိမ် internet နှင့် ချိတ်ဆက်၍ update data ယူရပါမဥ၁်။ကျပ်သိန်း ၁၅၀၀ ဆုကြီး ပိုင်ဆိုင်နိုင်တဲ့ ကံထူးရှင်များ ဖြစ်ကြပါစေ။ ထီပေါက်စဉ်ကြည့်မယ် for Android ကိုအောက်က Link မှာရယူနိုင်ပါတယ်။
Ref & Credit: Jas.com.mm

Viber Version 4.2.0.1656 For Android(Latest Version)





Android phone / tablet တွေအတွက် 23 ရက်နေ့ကထွက်လာတဲ့ Viber version 4.2.0.1656 ကို ရယူနိုင်ပါပြီ မပြောချင်တဲ့နံပါတ်တွေကို block လုပ်လို့ရသွားပါပြီ

ကွန်ပြူတာအဘိဓါန် V1.0 Apk For Android



ကွန်ပြူတာအကြောင်းလေ့လာနေသူတွေအတွက် သွားလေရာယူသွားနိုင်မဲ့
အိတ်ဆောင် အဘိဓါန်ပါ။တော်တော်လေးမိုက်တယ်။ကွန်ပြူတာနဲ့ ပါတ်သတ်
တာလေးတွေကို ရှင်းပြထားတာပါ။ဖိုင်ဆိုဒ်ကလည်း KB ပဲရှိတာ။အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

Download
================
Dev-Host l Box l Copy



Contacts Widget V4.3.0 Apk 3MB



ဒါကတော့ ကိုယ် အရမ်းခင်တဲ့ သူငယ်ချင်း ဆွေမျိုး ဖုန်းအပြောများတဲ့သူတွေကို
Widget အနေနဲ့ wall မှာတင်ထားတဲ့သူငယ်ချင်းတွေအတွက်
အသုံးမယ့် Contacts Widget လေးပါ
သုံးချင်တယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်


IOS Application များကိုအလွယ်ကူဆုံး Crack လုပ်နည်း



iPhone/Pad ဆော့ဝဲတွေဖြစ်တဲ့ iOS application (ipa) ဖိုင်များကိုအလွယ်ကူဆုံး Crack လုပ်နည်းရှိပါသလားလို့ မေးမြန်းလာသူတွေအတွက် ပြန်လည်
ဖြေပေးလိုက်ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်းရှိပါတယ်။ အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာအသုံးချဖို့သာရည်ရွယ်ပါတယ်။ Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲထည့်သွင်းအသုံးပြုလို့ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်းသာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီးအသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။ CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။ အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။

ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။

ခရမ်းရောင်လေးနှင့်ဖြစ်သွားပြီး ဆော့ဝဲအားစတင် crack နေပါပြီ။

crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။

ပြီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍ ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။
Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။


ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း


ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။

ဆေးသောက် နေရာသူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိ သာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။
ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန် သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်း စေတယ်လို့ သိရပါတယ်။