IDM က Firefox မှာ အလုပ်မလုပ်ရင်

ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Firefox Add-On ကို လုပ်ပါ ။ Add-On လုပ်နည်းတွေကို သိပါတယ် မလား ။ သာမန် Add-On လုပ်သမျိုးပါပဲဗျာ ။ မသိသေးတဲ့ လူတွေ တွက်ကို ရည်ညွန်းပြီး အရှည်ရေးပေးပါမယ် ။ သိပြီးသားဆိုရင်တော့ Add-On လင့်ကို သွားပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်လိုက်ရုံပဲ နော်.....။
အဲဒါလေးကို နိပ်လိုက်ရုံနဲ့ Add-On လုပ်ပြီးသားပါပဲဗျာ ။  အပုံကြည့်လိုက်ပါဦး

အပေါ်က ဒီနေရာလေး ဆိုတာကို နိပ်လိုက်တာနဲ့ အဲလိုမျိုး ပေါ်လာလိမ့်မယ် ။ ဒါမှမဟုတ်ရင် တော်ကြာလင့်က အလုပ်မလုပ်ရင် အပြောခံရမှာ စိုးလို့ အောက်က စာသားကို လည်း နှိပ်နိုင်ပါတယ်။  
 
အဲဒီလိုတက်လာပြီဆိုရင် Allow ကို နိပ်လိုက်ရုံတင် ။  ပြီးရင်တော့ Install Now ဆိုတာ တက်လာလိမ့်မယ်။
နားမလည်ရင် အပုံကို ကြည့်ပါ ။ ဘာမှလုပ်စရာမလိုပါဘူး ။ Allow ကို နိပ်လိုက်တာနဲ့ တင် တက်လာပါပြီ ။
ပြီးရင်တော့ Restart ချဖို့ပဲ ကျန်တယ် ။ Restart ချတယ်ဆိုတော့ မလန့်ပါနဲ့ ။ ချက်နေရင်းမို့ ဟိုဘက်က စိတ်ဆိုးမှာကြောက်တာနဲ့ Restart ချဖို့ ကြောက်သွားတဲ့လူလည်းရှိတယ် ။ တကယ်ပြောတာ ။ Firefox ပဲ ချတာပါ ဗျ ။ ပြီးရင်တော့ ခဏလေးစောင့်ပြီးရင် ပြန်ပေါ်လာပါလိမ့်မယ် ။ အဲဒီချိန်ကရင် သင့်ရဲ့ IDM က Firefox မှာ အလုပ်လုပ်နေပြီဖြစ်ကြောင်းကို Right လိုက်ရင် သိမှာပါ ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

ခွန်မောင်ပန် http://www.decembermgmg.co.cc/

0 comments:

Post a Comment