Cbox မှာ စာတွေ ရေးကြမယ်

Cbox မှာ စာတွေ ရေးကြမယ်


သူငယ်ချင်းတို့  Website တော်တော်များများမှာ Cbox လေးတွေကို တွေ့ ဖူးမှာပါ...
ဒီနေ့ Cbox မှာ စာလေးတွေ ဘယ်လိုရေးရတယ်ဆိုတာ ပြောပြချင်ပါတယ်...


ပထမဆုံး Cbox မှာ အောက်ဖော်ပြပါပုံလေးအတိုင်း မြင်ရမှာပါ...


Cbox





name နေရာမှာ ကိုယ့်နာမည်လေး ရေးရပါ့မယ်...


e-mail/url နေရာမှာ ကိုယ့်စာမျက်နှာကို ရောက်သွားစေချင်ရင် ကိုယ့်စာမျက်နှာရဲ့ Link ကို ရေးပေးရပါတယ်... Link ဆိုတဲ့နေရာမှာ ချော့ကလက်မြို့ တော်က မိမိစာမျက်နှာမှ မဟုတ်ပါဘူး... blogspot.com ရဲ့ ကိုယ့်စာမျက်နှာရဲ့ Link ထည့်ထားရင် Cbox မှာ ကိုယ့်နာမည်လေးဟာ အပြာရောင်နဲ့ ပေါ်လာပြီး ကိုယ့်နာမည်လေးကို Click လုပ်တာနဲ့  ကိုယ် Link ပေးထားတဲ့ Page ကို ရောက်သွားမှာ ဖြစ်ပါတယ်...


message နေရာမှာ ကိုယ်ရေးချင်တဲ့အကြောင်းအရာလေးတွေ ရေးပြီး Go ကို Click လုပ်တာနဲ့  Cbox မှာ ကိုယ်ရေးတဲ့အကြောင်းအရာဟာ နာမည်လေးနဲ့ တွဲပြီး ပေါ်လာမှာဖြစ်ပါတယ်...


လွမ်းရေးထားတဲ့ နမူနာပုံလေးပါ...


Edited Cbox


Cbox ရဲ့ ညာဘက်အောက်ခြေမှာ smilies ဆိုတာလေးရှိပါတယ်... Click လုပ်ကြည့်ရင် ပုံလေးတွေ တွေ့ ရမှာပါ... ကိုယ်ထည့်ချင်တဲ့ပုံလေးကို Click လုပ်ပြီး ထည့်လို့ ရပါတယ်...


ပုံလေးကို ၂-ခု ၃-ခု ရွေးထည့်ချင်တယ်ဆိုရင်တော့ ပုံကိုရွေးတဲ့အခါမှာ Shift Key လေးဖိပြီး Click လုပ်ရင် smilies window လေးက ပိတ်မသွားပဲ ဆက်ရွေးလို့ ရနေမှာပါ...


ဒီတစ်ခါ message ဆိုတဲ့နေရာမှာ ဘယ်လိုလေးလှအောင်ရေးရတယ်ဆိုတာ မျှဝေပေးချင် ပါတယ်...


လွမ်းဟာ Cbox မှာ စာရေးလေ့ရှိပါတယ်... တစ်ရက်မှာ သုဏော်စိုင်းဟာ စာလေးကို အရောင်လေးနဲ့  Scroll ဖြစ်အောင် ရေးထားတာတွေ့ လိုက်ရပါတယ်... သိချင်ရင် သူ့ ကို ဆက်သွယ်ပါ တဲ့... ဘယ်ရမလဲ... ချက်ခြင်းဆက်သွယ်တာပေါ့... အသစ်အဆန်းဆို လွမ်းက ပညာရချင်တာပဲ... သူကလဲ လွမ်းကို ဘယ်လိုရေးရတယ် ဆိုတာ မျှဝေပေးပါတယ်...


လွမ်းက ထပ်ဆင့်မျှဝေပေးတာပါ...


* Bold အနေနဲ့ ရေးချင်ရင် [b] Text [/b] ဆိုပြီးရေးထည့်ပါ...


* Italisc အနေနဲ့ မြင်ချင်ရင် [i] Text [/i] ဆိုပြီးရေးထည့်ပါ...


* Underline တားချင်ရင် [u] Text [/u] ဆိုပြီးရေးထည့်ပါ...


* မျဉ်းဖြတ်ချင်ရင် [s] Text [/s] ဆိုပြီးရိုက်ထည့်ပါ...


* အပေါ်ကျကျလေးပေါ်စေချင်ရင် [sup] Text [/sup] ဆိုပြီးရိုက်ထည့်ပါ...


* အောက်နားကျကျလေပေါ်စေချင်ရင် [sub] Text [/sub] ဆိုပြီးရိုက်ထည့်ပါ...


* အလယ်ကောင်မှာပေါ်စေချင်ရင် [center] Text [/center] ဆိုပြီးရိုက်ထည့်ပါ...


* စာလုံးအကြီးနဲ့ ပေါ်စေချင်ရင် [big] Text [/big] ဆိုပြီးရေးထည့်ပါ...


* အသေးနဲ့ ပေါ်စေချင်ရင် [small] Text [/small] ဆိုပြီးရိုက်ပါ...


* Scroll နဲ့ ပေါ်စေချင်ရင် [scroll] Text [/scroll] ဆိုပြီးရိုက်ထည့်ပါ...


* စာရိုက်နေရင်း အောက်တစ်ကြောင်းဆင်းချင်ရင် [br] ကိုခံရိုက်ပါ...


* Text color ပြောင်းချင်ရင် [color=red] Text [/color] ဆိုပြီးရိုက်ပါ...


* လင့်ကလေးတွေကို တိုက်ရိုက်မပေးပဲ လှတပတပေးချင်ရင် [url=http://address] ဆိုဒ်အမည် [/url] ဆိုပြီးရိုက်ထည့်ပါ...



Text ဆိုတဲ့နေရာမှာ ကိုယ်ရေးချင်တဲ့စာသားကို ရေးရမှာဖြစ်ပါတယ်...


ဥပမာ... လာလည်သွားပါတယ်ဆိုတာကို စာလေးပြေးနေအောင်ရေးချင်ရင်-


[scroll] လာလည်သွားပါတယ် [/scroll]


အဲလိုလေးရေးရမှာဖြစ်ပါတယ်...


တကယ်လို့  စာလေးကို အရောင်လေးနဲ့ ပြေးနေအောင် ရေးချင်ရင်-


[scroll][color=red] လာလည်သွားပါတယ် [/color][/scroll]


အဲလိုလေးရေးပေးရမှာပါ...


အင်တာနက်အသုံးပြုရင်း အသိဥာဏ်ပညာတိုးတက်ကြပါစေ...
Cbox မှာ သူငယ်ချင်းတို့  ဆန်းသစ်စွာ ရေးနိုင်ကြပါစေ...


0 comments:

Post a Comment