၁) Still GIF (သူက လှုပ်ရှားမှုမရှိတဲ့ပုံသေပါ)
ဒီမှာတော့ပြောစရာထွေထွေထူးထူးမရှိတော့ပါဘူး။ File>Save As... ကိုနှိပ်ပြီးရင် ပေါ်လာမယ့် Save As Dialog box ရဲ့ Format မှာ CompuServe GIF[*.GIF] အမျိုးအစားကိုရွေးပေးလိုက်ပြီး Save button ကိုနှိပ်လိုက်ရုံပါပဲ။ GIF Options မှာလာပြတဲ့ Normal နဲ့ interlaced မှာကြိုက်ရာတစ်ခုရွေးပေးရပါမယ်။ ( Normal ကတော့ web page တွေမှာ ပုံကိုDisplay ပြတဲ့အခါ အပေါ်မှအောက်သို့ တဖြေးဖြေး download လုပ်ရင်းပြတဲ့နည်းပါ။ Interlaced ဆိုတာကတော့ File ကို download လုပ်ရင်း horizontal line အစင်းလေးတွေနဲ့display ပြပါတယ်၊ ကြည့်လို့ ပိုကောင်းပါတယ်)

၂) Animated GIF (သူကတော့ လှုပ်ရှားမှုပါတဲ့ file ပါ)
ဒီအမျိုးအစား GIF မှာ Frame တွေအများအပြားပါဝင်နိုင်ပါတယ်၊ အဲဒီ Frame တွေကိုအစဉ်လိုက် Display လုပ်ပြနေတာကြောင့် Animation အဖြစ်မြင်နိုင်တာပါ။ အောက်ကပုံကိုကြည့်ပါ Frame ၁၀ ခုပါဝင်ပါတယ်။

ဒီ Frame ၁၀ ခုကို ၁ ကနေ ၁၀ အထိ အစဉ်လိုက်
တစ်ခုချင်းစီဆက်တိုက်ပြလိုက်ရင် ဒီပုံလိုဖြစ်လာမှာပါ။
ပြောစရာတစ်ခုရှိသေးတာက Frame တွေဆုံးသွားရင် အစက Frame
ကိုပြန်ရောက်သွားပါတယ်။ အမြဲ Loop ဖြစ်နေပါတယ်၊
ဒါမှအမြဲတမ်းလှုပ်ရှားနေတဲ့ပုံလေးဖြစ်မှာပါ
0 comments:
Post a Comment