Showing posts with label photoshop. Show all posts
Showing posts with label photoshop. Show all posts

Photoshop CS6 နောက်တိုး tools အသစ်များအသုံးပြုနည်းစာအုပ် (2.91MB)





Photoshop cs6 နောက်တိုး tools အသစ်များအသုံးပြုနည်းစာအုပ်ဖတ်ရှုလေ့လာပြီး နှစ်သက်ပါကအောက်ဖော်ပြပါ link တွင်Download ရယူနိင်ပါသည်။


Thanks for watching

Nay KoKo Aung
Shwenagar.blogspot.com

Photoshop plug-in အသုံးပြုနည်းစာအုပ်



Photoshop plug-in အသုံးပြုနည်းစာအုပ်အားဖတ်ရှုလေ့လာပြီး နှစ်သက်ပါကအောက်ဖော်ပြပါ link တွင်
Download ရယူနိင်ပါသည်။


Thanks for watching

Nay KoKo Aung
Shwenagar.blogspot.com

"Old photo, vintage effect"ပြုလုပ်နည်း

Picture before changes:
Old photo,, photo retro effect
After:
    • Open original image in Photoshop.
    • Go to Filter > Blur > Surface Blur.
    • Choose Image > Adjustments > Gradient Map
    • Image > Adjustments > Levels.
    • Image > Adjustments > Curves.
    • Image > Adjustments > Photo Filter.
Old photo,, photo retro effect
    • Find the center of composition and create round selection using Elliptical Marquee Tool.
    • Go to Select > Modify Feature Selection (80-100)

Create your very own planet!

After a long break, Adobe Tutorials is now back!

Wanted to know how can you create your very own planet in 360 view? Check out this tutorial!



Step 1

Open up any panorama shot taken by you or from any stock photos and cropped it out the way I've done above.

Step 2

After cropped, it will look something like this.

Step 3

In order to have smooth continuous 360 view, both left and right of the photo should match. To do that, select few pixels of it (probably 70px width). Copy that part and paste it.

Step 4

Once you've pasted it, flip it horizontally.

Step 5

Using the eraser, erase some part of the pasted photo on the right side. See arrow. (so that the left part looks matching if we make it continuous)

Step 6

Now select both layers and merge it (Control - E)

Step 7

We're almost done! Go to Filter> Distort> Polar Coordinates and select "Rectangular to Polar"

Step 8

If you noticed, the photo looks stretched. You need to re size it by pressing "Control - T".

Step 9

Scale the photo to the left so that it'll look more roundish.

Step 10

As the final step, simply crop it out from the photo and you're DONE!

There you go! A very straight forward tutorial to create you're very own planet in 360 view! :D

Any comments appreciated! More cool tutorial coming your way!

ပုံအသစ်တွေကို ပုံအဟောင်းပြောင်းချင်ရင်


ကဲ....ကျွန်တော်က အထက်ကခုနှစ်တွေအတိုင်း ရွှေတိဂုံစေတီ ပုံတော်ကို
လူတစ်ရာကိုပြရင် ရှစ်ဆယ်လောက်တော့ ယုံကြမယ်ထင်ပါတယ်......
အမှန်တော့မဟုတ်ပါဘူး......ဒီလိုလုပ်ဖို့.photoshop ရဲ့နည်းပညာလည်းတတ်စရာမလိုပါဘူး.......
သယ်ရင်းတို့ရဲ့ ဘယ်ဓါတ်ပုံကိုမဆို .........

ဒီဆိုဒ်

ကိုဝင်ပြီး အဆင့်ဆင့်ပြုလုပ်နိုင်ပါတယ်.........တစ်ပုံလုပ်ဖို့စက္ကန့်သုံးဆယ်လောက်ပဲကြာမှာပါ.....
ကောင်းတဲ့ဘက်မှာပဲ သုံးကြပါနော်..........
မှတ်ချက်..............ခုနှစ်တွေက နမူနာနော်.........

Photoshop ဖြင့်ဓါတ်ပုံများဖြတ်ကပ်ပြုလုပ်ခြင်း



ဒါလေးကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေကို ဘယ်လိုဖြတ်ကပ် လုပ်လဲဆိုတာ ပြပေးသွားပါ့မယ်..။ သူငယ်ချင်းတို့ အတွက်အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ Photoshop နဲ့ဓါတ်ပုံပြင်တာ အရမ်းတတ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ဖုန်းဆက်ပြီးတော့လည်း ခဏခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံစပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေပါပြီ.. ဒါကြောင့် မလုပ်တတ်သေးတဲ့သူများအတွက် Photoshop အခြေခံရအောင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်..
အရင်ဆုံး  Photoshop ရဲ့ File >> Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံကိုယူလိုက်ပါ..။ အောက်မှာတော့ ကျနော်က အဆင်ပြေမယ်ထင်တဲ့ ပုံနှစ်ပုံကို တခါတည်း ရွေးယူလိုက်ပါတယ်..






အပေါ်ပုံအတိုင်း ပုံတွေရောက်လာပြီိဆိုရင် ဖြတ်ရလွယ်တဲ့ 1 နေရာက Pen Tool (P) နဲ့ ဖြတ်ပါမယ်.. အောက်ပုံအတိုင်း နံပါတ်စဉ်လိုက် ကြည့်သွားလိုက်ပါ.. ဒီနေရာမှာ တခုမှာချင်တာက ပုံတွေကို ဖြတ်တော့မယ်ဆိုရင် မိမိတို့ ဖြတ်မယ့်ပုံကို ကီးဘုတ်က Ctrl+(+) နဲ့ ပုံကြီးဆွဲချဲ့ပြီးမှ ဖြတ်ပါ.. ပုံကြီးချဲ့ပြီး ဖြတ်တဲ့အတွက် ပုံရဲ့အနားစတွေ ညီနေမှာဖြစ်ပါတယ်.. အောက်ပုံမှာဆက်ကြည့်ပါ..



ဖြတ်ပြီးရင်တော့ ပုံနှစ်ပုံကို ယှဉ်ထားပါ.. ဖြတ်ထားတဲ့ပုံကို Move Tool နဲ့ တခြားပုံပေါ်သို့ ဒရော့ဆွဲ ထည့်လိုက်ပါ.. အောက်ပုံမှာ ဆက်ကြည့်ပါ..


အပေါ်ပုံအတိုင်း တခြားပုံပေါ်သို့ ရောက်သွားပြီဆိုရင်.. အောက်ပုံအတိုင်း  ဆက်လုပ်ပါ..





ကီးဘုတ်မှ Enter ခေါက်ပြီးရင် အောက်ပုံအတိုင်းမြင်ရပါပြီ.. ပြီးရင်တော့ ပုံနှစ်ခုဆက်တဲ့နေရာဖြစ်တဲ့ လည်ပင်းနေရာကို Eraser Tool ဖြင့် ညီအောင် ဖြည်းဖြည်းချင်း ပွတ်တိုက်၍ ဖျက်ပေးပါ.. 


အောက်ပုံအတိုင်း Eraser Tool ကလစ်ပြီးရင် သူနဲ့ သက်ဆိုင်တဲ့ တူးများကို လိုက်ချိန်ပေးပါ.. ဒီနေရာမှာ ကျနော်ပြတဲ့အတိုင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး.. မိမိတို့ ပုံနဲ့ အဆင်ပြေမယ့်  Brush Size , နဲ့ Opacity  ကို အဆင်ပြေသလို ချိန်ယူပါ.. အဓိက,က ပုံကြည့်ကောင်းဖို့ လိုပါတယ်.. ကျနော်လုပ်ပြတဲ့ ပုံကလည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်းလိမ့်မယ်.. ဒီနေရာမှာ အခြေခံ တတ်ဖို့ကိုသာ အဓိကထားတဲ့အတွက် ကျနော်လုပ်ပြတဲ့ပုံ ကြည့်မကောင်းခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်.. အောက်ပုံတွေအတိုင်း ဆက်ကြည့်ပါဗျာ..



အပေါ်ပုံအတိုင်းဆိုရင် ကြည့်လို့ အဆင်ပြေလောက်ပြီထင်ပါတယ်.. အောက်ပုံကတော့ ခေါင်းကို ရှေ့နည်းနည်းငိုက်ပေးလိုက်တ်ာပါ.. Ctrl+T နဲ့ ဘောင်ပေါ်လာရင် မောက်စ်ဖြင့် ထောင့်လေးတွေကို ထောက်ပြီး.. လှည့်ပေးနိုင်ပါတယ်.. စိတ်ကြိုက်ဖြစ်ရင် Enter ခေါက်ပါ..


 ပြီးရင်တော့ ပုံကို Ctrl+(-) နဲ့ Zoom ပြန်ချုံ့လိုက်တာပါ.. ဒီလောက်ဆိုရင် ကြည့်ရတာ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်..



အပေါ်ပုံအတိုင်း ပုံကိုသိမ်းလိုက်ရင် အောက်ပုံအတိုင်း ရလာပါပြီ...


ဒီလောက်ဆိုရင်တော့ ပုံတွေကို ဖြတ်ကပ် လုပ်တတ်လောက်ပါပြီ .. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...

Photoshop ဖြင့်အင်္ကျီအရောင် ပြောင်းခြင်း


ဒီနည်းလေးက အင်္ကျီတွေမှ မဟုတ်ပါဘူး..။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အရောင်ပြောင်းလို့ ရပါတယ်..။ မနေ့က တင်လိုက်တဲ့ ပိုစ့်လိုပဲ အရင်တုန်းက ဝဘ်ဆိုဒ်တခုမှာ တွေ့ခဲ့ဖူးတဲ့ နည်းလေးပါ..။ အခုတော့ အဲဒီဆိုဒ်မှာ ပြန်ရှာမတွေ့တော့လို့ ကျနော့်ဆိုဒ်မှာ ကျနော်နားလည်သလို ပြန်လည်ရှင်းပြပြီး တင်ပေးလိုက်ပါတယ်..။ အခြေခံပိုင်းလည်းဖြစ်၊ မသိသေးတဲ့သူများအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ နည်းလေးတွေမို့လို့ပါ..။ အခုဒီနည်းလေးက နည်းနည်းလွယ်ပါတယ်..။ အင်္ကျီတွေကို အရောင်မျိုးစုံ ပြောင်းလို့ရတဲ့အတွက် အားလုံးပဲ သဘောကျကျမယ်လို့ ထင်ပါတယ်..။ လုပ်နည်းလေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ တဆင့်ချင်း သင်သွားရင် အမြန်တတ်သွားမှာပါ..။
အရင်ဆုံး မိမိတို့ပြုလုပ်ချင်တဲ့ ပုံတစ်ပုံကို File , Open ကနေသွားယူလိုက်ပါ..။ နံပါတ်စဉ်တိုင်း ကြည့်သွားလိုက်ပါ..။


ပုံကိုယူပြီးရင်တော့ Pen Tool (P) ဖြင့်ဖြတ်ပါမယ်..။ Pen Tool ကိုကလစ်လိုက်ရင် Pen Tool နဲ့ သက်ဆိုင်တဲ့ မီနူးဘားတန်းလေး အပေါ်မှာ ပေါ်လာမှာ ဖြစ်ပါတယ်..။ အဲဒီဘားတန်းမှာ အောက်ပုံမှာ ပြထားသလို 2,3 နေရာတွေကို အရင်ကလစ်ပေးပါ..။ ပြီးမှဖြတ်ပါ..။


ပုံကိုဖြတ်နေရင်းနဲ့ မိမိတို့မကြိုက်တဲ့ နေရာကိုရောက်သွားခဲ့ရင် ကီးဘုတ်မှ Ctrl+Alt+Z နဲ့(တွဲနှိပ်ပါ) နောက်ပြန်ဆုတ်လို့ ရပါတယ်..။ ဖြတ်တဲ့နေရာ မကြိုက်ရင် ၄င်းကီးနဲ့ နောက်ပြန်ဆုတ်ပြီး နေရာမှန်ကို ပြန်ဖြတ်လို့ရပါတယ်..။




အပေါ်ပုံအဆင့်ထိ ရောက်ပြီဆိုရင်တော့ အောက်ကပုံက အရောင်တွေရှိတဲ့နေရာကို အဆင့်ဆင့်ဖွင့်ပြ ထားပါတယ်..။ 1,2,3 နေရာတွေကို ကလစ်ပြီး ဝင်သွားလိုက်ပါ..။ နံပါတ်စဉ်တိုင်း ကြည့်သွားလိုက်ပါဗျာ..


အောက်ကပုံမှာ အရောင်ခြယ်တဲ့ ဘောက်စ်ပေါ်လာပါပြီ..။



တကယ်လို့ မိမိတို့ ပုံကို အဖြူအမဲ လိုချင်ရင်တော့ အောက်ကပုံအတိုင်း နှိပ်သွားလိုက်ပါ..။


ဒီအောက်ပုံရဲ့ အင်္ကျီကတော့ အဖြူအမဲနဲ့ ထွက်လာပါပြီ..


အားလုံးပဲအဆင်ပြေကြပါစေဗျာ..