Requirements (လိုအပ်တာတွေလေးတွေပါ)
- Windows 7 (64 bits or 32 bits)
- CD [or] DVD
- Compact Disc RW Drive
သတိ ။ ။ ပုံများရှင်းရှင်းလင်းလင်းမမြင်ရပါက ပုံကို click ပြီးကြည့်ပါ။
အခွေထည့်တဲ့နေရာမှာ မိမိတို့ရဲ့ အခွေအလွတ် တစ်ချပ်ကိုထည့်လိုက်ပါ။ ခဏစောင့်ပါ။ ဒီ Autoplay တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Burn files to disc ကို click လိုက်ပါ။
ဒီ box လေးပေါ်လာပါမယ်။ Disc title: က မိမိနှစ်သက်ရာခေါင်းစဉ်လေးပေးပါ။ With a CD/DVD player ကိုရွေးပါ။ တခြား ဘာမှမရွေးပါနဲ့။ ပြီးရင် Next ကို click ပါ။
အဲ့အခွေချပ်လေးနဲ့ စာတစ်ခုတွေ့ပါလိမ့်မယ်၊ ကျွန်တော်အနီရောင်ပြထားတာပါ။ Drag files to this folder to add them to the disc. လို့ပေါ်လာရင်မိမိထည့်လိုရာ ဖိုင်တွေကို အခွေရဲ့ GB ဆန့်သည်အထိထည့်လို့ရပါတယ်။
မိမိကူးလိုသောဖိုင်ရဲ့ folder ကိုဖွင့်ပြီး အခွေရှိရာ folder သို့ထည့်ပါ။ ကြိုက်သလောက်ထည့်ပါ။ အခွေဆန့်တဲ့အထိပဲနော်။
ဖိုင်တွေအကုန်ထည့်ပြီးတော့ Burn to disc ကို click လိုက်ပါ။
ပြီးရင်စိတ်ရှည်ရှည်နဲ့စောင့်ပေါ့နော်။
အဆင်ပြေပါစေ။
Credit to ပြည့်ဖြိုး.....
0 comments:
Post a Comment