Windows Vs Mac ကွာခြားပုံ။

Windows ဟာ Microsoft ကုမ္မဏီ ကထုတ်လုပ်တာဖြစ်ပါတယ်။ PC User တွေကြား ၁၉၈၅ ခုနှစ် နောက်ပိုင်မှာ ရုတ်တရက် လူသိများကျော်ကြားလာခဲ့တဲ့ OS လည်းဖြစ်ပါတယ်။ Windows ဟာနှစ်မျိုးထုတ်ပါတယ် တစ်ခုက တစ်ကိုယ်ရေသုံး နဲ့ နောက်တစ်ခုကတော့ professional သုံးဖြစ်ပါတယ်။ တစ်ကိုယ်ရေအတွက် ထုတ်ထားတဲ့ Windows မှာတော့ ဖျော်ဖြေရေး အပိုင်းမှာ အလေးပေးထား ပြီး ကွန်ယက်ချိတ်ဆက်မှုအပိုင်မှာ တော့လျှော့ထားပါတယ်။ Professional version မှာတော့ ကွန်ယက်ချိတ်ဆက်မှု အပိုင်းနှင့်လုံ  ခြုံရေးအပိုင်းတွေကို အလေးပေး ထားပြီး ဖျော်ဖြေရေးအပိုင်းတွေမှာ လျှော့ထားပါတယ်။ Macintosh Mac လို့ လည်းခေါ်ဆိုကြပါတယ်။ Mac Apple Inc က ထုတ်တာဖြစ်ပါတယ်။ Apple Inc က သူထုတ်လုပ်တဲ့ hardware မှာအသုံးပြုဖို့ သူကိုယ်ပိုင် OS ကိုထုတ်လုပ်တာဖြစ်ပါတယ်။ Mac မှာလည်း အုပ်စုနှစ်မျိုးရှိပါတယ်။ Classic Mac Os နဲ့ Mac OS X ဖြစ်ပါတယ်။ OS 9 မတိုင်ခင်ထိကို Classic Mac OS ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မှာတော့ Mac OS X လို့ အများက သိရှိကြပါတယ်။ မြန်မာနိုင်ငံတွင် အသုံးနည်းသေးသော်လည်း အခြားနိုင်ငံများတွင် သုံးပြုသူများပြားလှသည်။ Windows OS က DOS ကိုအခြေခံပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ OS X ကတော့ Unix ကိုအခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ် Windows ကတော့ Computer တွေအားလုံးမှာထည့်သုံးလို့ရပြီး၊ Mac ကတော့ သူ့ Apple hardware မှာပဲထည့်သုံးမှ အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။ Windows ဟာ ရုံးလုပ်ငန်းတွေမှာ အဆင်ပြေပြေသုံးဖို့ အလေးပေးထား ထုတ်လုပ်ထာပါတယ်၊ Mac ကတော့ Graphics နဲ့ Multimedia လုပ်ငန်းတွေ အတွက် အလေးပေးထုတ်လုပ်ထာပါတယ်။ Mac ဟာ ဓာတ်ပုံ၊ ဗွီဒီယို နှင့် အသံပိုင်းဆိုင်ရာ တည်ဖြတ်ရာတွင် လူသိများကျော်ကြားလှပါတယ်။ Windows မှာ Control ကီး လို့ခေါ်ပြီး Mac မှာကျတော့ Command Key လို့ခေါ်ပါတယ်။ Windows မှာ Command Prompt လို့ခေါ်ပြီး Mac မှာကျတော့ Terminal လို့ခေါ်ပါတယ်။ Windows မှာ Control Panel လို့ခေါ်ပြီး Mac မှာကျတော့ System Preferences လို့ခေါ်ပါတယ်။ Windows နှင့် Mac မှာ GUI နေရာချထားပုံနဲ့ စီမံခန့်ခွဲမှုအစိတ်အပိုင်းတွေကွားခြာပါတယ်။ Windows OS တစ်ခွေ $100 အထက်မှာရှိပါတယ်၊ Mac OS တစ်ခွေ $20 ပတ်ဝန်းကျင်မှာရှိပါတယ်။ Windows အတွက် Free Application တွေများပါတယ်။ Mac အတွက်တော့ Free Application တွေနည်းပါတယ်။ Windows နဲ့ Mac ဒီဟာပိုကောင်းတယ် ဟိုဟာပိုကောင်းတယ် ဆိုပြီးပြောလို့မရပါဘူး၊ User တွေရဲ့ အသုံးဝင်မှုအပေါ်မူတည်ပြီး နှစ်ခုစလုံးဟာ ကောင်းတာရော မကောင်းတာရော ဖြစ်နိုင်ပါတယ်။ ဒါနဲ့ စကားမစပ် ခင်ဗျားရော ဘယ် User ဖြစ်နေလဲ?

Credit To Aung Win

GSM Internet Setting ထည့်နည်း (for Android)

သိတဲ.သူ ရှိသလို မသိတဲ. သူတွေ လဲ. ရှိနိုင် တဲ. အတွက် တင်ပေးလိုက်ပါတယ် ခင်ဗျာ။
Android  V4.0.3 သုံးသူများ အတွက်
Setting ——-> More ————>Mobile Networks ————-> Access Point Names  ကို ၀င်ပါ။
အခြား Version များအတွက်
Setting —–>Wireless and Network——>Mobile networks——>Access Point Names ကို ၀င်ပါ။

Access Point Names ကို ရောက် လျှင် ညာဘက် အစွန်းဆုံး က တုတ်ချောင်းလေး သုံးချောင်း (MEMU) ကို နှိပ်ပါ။
ပြီးရင် New APN ကို နှိပ်ပါ။ Settting တွေ စတည်.ပါတော.မယ်။
  • Name  —————>  MPT
  • APN  —————-> mptnet
  • Username ———> mpt
  • password ———-> မဖြည့်ပါ။
  • MCC  —————> 414
  • MNC—————-> 01
  • Authentication type —-> CHAP    ကိုရွှေးပါ။
  • APN type  ———-> Internet ကိုရွေးပါ။
Menu ကို နှိပ်ပြီး Save ကို နှိပ်ပါ။ MPT  ကို ON ပေးပါ။
Data enabled   ကို on ပေးလိုက် ပါ။  E  ကို တွေ.ရပါလိမ့်မယ်။
အောင်မြင်ပါစေ ခင်ဗျာ။

Android Phone တစ်လုံးတွင် ထည့်သုံးသင့်သည့် Applicationလေးများ

ဒီပိုစ့်လေးကို ရေးရခြင်းရည်ရွှယ်ချက်က သာမာန် ဖုန်းအသုံးပြုများအတွက် မိမိဖုန်းမှာ ဘယ်လို Application လေးတွေထည့်ထားသင့်တယ်ဆိုတာကို သိစေချင်လို့ တင်လိုက်ရခြင်းဖြစ်ပါတယ်။
အခု အပြင်မှာရော Group တွေ မှာရောတွေ့ နေရတယ်ဗျ Application လေးတွေ အများကြီးထည့်ထားတဲ့  ပြသနာပေါ့ တစ်ကယ်တော့ အဲလောက်အများကြီး မသုံးဘူးလို့ ထင်ပါတယ်။တစ်ချို့ Application လေးတွေဆို ကိုယ်လို တဲ့ အချိန်မှပဲထုတ်သုံးတာပါ။အများကြီး ထည့်မသုံးတော့ မိမိ ဖုန်းလေးအထူးသဖြင့် မလေးတော့ဘူးပေါ့။ အများကြီးထည့်ထားတော့ ဖုန်းကလေးလာတယ်။အဲဒီအတွက်လိုအပ်လာလို့  Choice လုပ်ပြီးတင်ပေးလိုက်တာပါ။
အောက်မှာတစ်ခုချင်းကိုသေချာလေးပြောပြပေးပါမယ်။
1.Advance Task Killer>>> ဒီကောင်လေးကတော့ ထည့်ထားသင့်ပါတယ် ဘာလို ထည့်ထားသင့်လဲဆိုတော့ Android phone အများစုဟာ Application ထဲက Exit လုပ်ပြီးထွက်တာတောင်မှနောက်ကွယ်မှာ ပွင့်နေတတ်ပါတယ်။အဲဒီအတွက် ဒီကောင်လေးက Application လေးများကို ပိတ်ပေးမှာပါ။
2.Mobile Alarm System>>>ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုဆော့ဝဲလေး Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။ လုံခြုံရေးအတွက်ပေါ့။
3.Andro Zip >>> ဒီကောင်လေးကတော့ တစ်ချို့ ဖုန်းနဲ့ ပဲအသုံးပြုသူတွေအတွက် Zip File တွေကိုဒေါင်းလုပ်ဆွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Zip file / Rar File တွေကိုဖြည်တဲ့  Software လေးပါဆောင်ထားသင့်ပါတယ်။
4.App Lock>>>ဒါလေးကတော့ Application လေးတွေကို Lock ချတဲ့  Software လေးပါ။မိမိဖုန်း၏ Application လေးများကို တစ်ခြားလူ အသုံးမပြုနိုင်အောင်ကာကွယ်ပေးမှာပါ။Application ကို Lock ချတဲ့ Function အပြင် Incall / outcall ပါ Lock ချလို့ ရပါတယ်။
5.Awesome Miniature Pro ဒီကောင်လေးကတော့ Photo Editor Software လေးပါ။မိမိ၏ Photo တွေ ပြင်ချင်တဲ့ အခါမျိုးမှာအသုံးပြုနိုင်တာပေါ့။
6.Cache Mate>>> ဒါလေးကတော့ Cache Mate Application လေးပါ။မိမိဖုန်းမှာ မလိုလားအပ်သော Cache များကို ရှင်းပေးမှာပါ။
7.Dr.Web anti-virus>>> Antivirus Application လေးပါ။ Memory နည်းနည်းနဲ့ ကောင်းကောင်းအသုံးပြုချင်သူတွေအတွက်အဆင်ပြေမှာပါ ဒီ Application မှာ Call Block funtion နဲ့  မိမိဖုန်းကို ပျောက်သွားတဲ့ အချိန်မျိုးမှာ Lock ချတဲ့ effect တွေပါပါတယ်။
8.Droid Scan Pro>>>Android ဖုန်းကနေ စာရွက်တို့ဘာတို့ တစ်ခုခုကို ဒီဆော့ဝဲလေးအသုံးပြုပြီး scann ဖတ်လို့ရပါတယ်။ Android ဖုန်းကို Scanner အဖြစ်အသုံးပြုလို့ရစေတာပေါ့။ နောက်ပြီး ဒီဆော့ဝဲလေးနဲ့ scan ဖတ်ပြီးရင် pdf ဖိုင်အနေနဲ့ပါ တစ်ခါတည်းထုတ်လို့ရပါသေးတယ်။ ရှိထားသင့်တဲ့ application လေးပါ။
9.DroidSheepGuard>>> ဒါလေးကတော့ မိမိအကောင့်လုံခြုံမှုအတွက် ဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာဆောင်ထားသင့်ပါတယ်။ Droid Sheep ဖြင့် Hacking လုပ်ခြင်းရန်မှ ကာကွယ်ပေးပါတယ်။
10.DX Battery Saver Pro>>> Battery Saver လေးပါ မိမိဖုန်းမှာ Battery စားသက်သာအောင် CPU Low လုပ်တဲ့  function တွေအပြင် Long Mode တွေပါပါတယ်။ဆောင်ထားသင့်ပါတယ်။
11.Easy Downloader Pro>>> ဒါလေးကတော့ မိမိဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာ Application သို့ မဟုတ် Game တစ်ခုခုကို download လုပ်ချင်တဲ့  အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Resume ပါပါတယ်။
12.Easy Filter>>>ဒီကောင်လေးကတော့ မိမိဖုန်းကိုနှောက်ယှက်မည့်ရန်မှ ကာကွယ်ပေးမှာပါ။မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများကင်းဝေးမှာပါ။ Call Block လေးပါ။
13.ES File Explorer>>>File Manager လေးပါ။မိမိ Original filemanager ပါလာတာကိုမသုံးချင်သူများအတွက် ဒီကောင်လေးက အဆင်ပြေပါတယ်။ file များကို delete/copy/mode များကို လျှင်မြန်စွာအသုံးပြုနိုင်ပါတယ်။
14. Fast Reboot>>> ဒါလေးကတော့ မိမိဖုန်းလေးလာတဲ့ အခါမျိုးမှာ လျှင်မြန်စွာ Reboot ချပေးမည့်ကောင်လေးပါ တော်တော်လေးသုံးကောင်းပါတယ်။
15. Gallery Lock>>> မိမိ၏ သူများမသိစေချင်သော vedio /photo များကို Lock လုပ်ပေးမည့်ကောင်လေးပါ။ သူ၏ Application ကိုလည်း hidden လုပ်ပေးတဲ့ function လေးပါပါတယ်။
16.HD Panorama>>> ဒီကောင်လေးကတော့ မိမိဖုန်းမှာ Original မြင်ကွင်းကျယ် ရိုက်ကူမှုမပါတဲ့ ဖုန်းများအတွက်ပါ ။ ဒီကောင်လေးကို အသုံးပြုပြီး မိမိ မိသားစုအဖွဲ့ လိုက်ပုံများကို ကြည်လင်စွာ ရိုက်ကူးနိုင်မှာပါ။
17.MMAS Market>>> ဒါလေးကတော့ ကျွန်တော့တို့ ၏ myanmarmobileapp ၏ Market လေးပါ မိမိအသုံးလို့ သော Application and Game များကို မြန်မာဘာသာနဲ့ ရှင်းပြပေးထားပြီး
လိုချင်သော Application and Game များကို One Click Download စနစ်နဲ့ အသုံးပြုပြီး ဒေါင်းနိုင်မှာပါ။
18.Music Off>>>မိမိသီချင်းဖွင့်လျှက်အိပ်ပျော်သွားတဲ့ အခါမျိုးမှာ မလိုလားအပ်သော အသံဆူညံမှု Battery အားကုန်မှုတွေကိုဖြေရှင်းပေးမှာပါ။ Timer နဲ့ မှတ်ပြီး သီချင်းတွေကို ပိတ်ပေးနိုင်ပါတယ်။
19.MX Player>>> ဒါလေးကတော့ vedio player လေးပါ ။ ဖုန်းမှာ original player မသုံးချင်သူများအဖို့ အဆင်ပြေမှာပါ။ FLV file တွေပါ support ပေးပါတယ်။
20.Ringdroid>>>ဒီကောင်လေးကတော့ မိမိဖုန်းနဲ့ တင် သီချင်းများကို ဖြတ်ညှပ်ကတ်လုပ်ချင်သူများအတွက် အဆင်ပြေမှာပါ။
21.Sensor music player>>> ဒါလေးကတော့ sensor နဲ့  သီချင်းများကို ကျော်ချင်ပြုချင်သူတွေအတွက်ပါ screen ကိုလက်နဲ့ မထိချင်သူတွေအတွက်ပါ။
22.SimSimi>>> ဒီကောင်လေးကတော့စကားပြောသောအကောင်လေးပါ မိမိပျင်းနေတဲ့ အချိန်မျိုးမှာ internet ဖွင့်ပြီး သူနဲ့ စကားပြောနိုင်ပါတယ်။
23.Titanium Backup Pro>>>မိမိ၏ Application and game များကို backup လုပ်ချင်တဲ့ အချိန်မျိုးမှာ အသုံးပြုနိုင်ပါတယ်။တော်တော်လေးကောင်းတယ်။
24.Ultimate Voice Recorder>>> မိမိဖုန်းပြောတဲ့ အခါမျိုးမှာ တစ်ဖက်ကအသံကိုကြည်လင်စွာဖမ်းယူပေးနိုင်မည့် recorder လေးပါ။
25.Wifi Protector>>>Public Network မှာ သုံးတဲ့သူတွေ အတွက် Privacy and Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။အများနဲ့အတူသုံးတဲ့အတွက် ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ မသိနိုင်ပါဘူး။လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။ ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေစသဖြင့် လူမျိုးစုံအောင် သုံးကြမှာပါပဲ။ ဒီကြားထဲ နည်းပညာကိုစမ်းသပ်ချင်တဲ့ သူခိုးတစ်ပိုင်း(ဥပမာ – me)တွေလဲ ပါတာပေါ့။သူများကို မကောင်းတာတော့မလုပ်ဘူး။ နည်းပညာပဲ ၀င်စမ်းတာပါပြောပြော ပိုင်ရှင်မသိအောင်ခဏတော့ သုံးတာပေါ့ဗျာ။စိတ်ကတော့ ဒုက္ခပေးလိုစိတ်မရှိတော့ ငရဲတော့ မကြီးကောင်းပါဘူး။ အဲဒီလိုလူတွေ ရန်ကကာကွယ်ဖို့ ဒီဆော့ဝဲလေးကို ဆောင်ထားပါ။Rootလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
အားလုံးပဲအဆင်ပြေပါစေ။

OR
OR
မှတ်ချက်။   ။ myanmarmobileapp မှကူးယူတင်ပြထားပါသည်။

Myanmar Mobile Calendar 2013 for android

Android ဖုန်းကိုင်ဆောင်သူတွေအတွက် newworth.asia ကထုတ်လုပ်ဖြန့်ချိလိုက်တဲ့ မြန်မာပြက္ခဒိန် 2013 ကိုတင်ပေးလိုက်ပါတယ် ..ဒီပြက္ခဒိန်လေးမှာ Mobile screen ဖြင့် ဖော်ပြရန် အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် နေ့ရက်အလိုက် ဖော်ပြချက်များကို သင်္ကေတဖြင့် ဖော်ပြပေးထားသည်။
  • public holiday များကို ကိုယ်စားပြုခြင်း ဖြစ်သည်။
  • သည် လပြည့်နေ့ ဖြစ်ပါသည်။
  • သည် လကွယ်နေ့ကို ကိုယ်စားပြုပါသည်။
  • အထက်မှ နံပါတ်သည် အင်္ဂလိပ် ပြက္ခဒိန်ရက် ဖြစ်ပြီး၊ အောက်မှ နံပါတ်သည် မြန်မာ ပြက္ခဒိန်ရက် ဖြစ်ပါသည်။
မြန်မာရက်နှင့် ပတ်သတ်၍ ၎င်း၏ အရောင်အလိုက် အထက်ဘက်တွင် လဆန်း၊ လဆုတ်ဖြင့် ဖော်ပြပေးထားပါသည်။ ဒီပြက္ခဒိန်လေးကို newworth.asia တွင်ရယူနိုင်ပြီး  Myanmar Mobile App Store မှာ လည်း download ရယူနိုင်ပါပြီ..

credit to newworth.asia

GO SMS Pro v 5.01 for android(latest version)

Gosms pro ဆော့ဝဲ အသစ်ထွက်ရှိတာကြောင့် ပြန်တင်ပေးလိုက်ပါတယ် ..ဒီ SMS app လေးမှာ feature တွေမျိုးစုံပါပါတယ်။
  1. အထင်ကရ ကတော့ Private SMS box ပါ။ ဥပမာပေါ့နော်။   ။ ကိုယ့်ချစ်သူနဲ့ ပို့ထားတဲ့ message တွေကို တခြားသူမမြင်အောင် password နဲ့ခံပီး သီးခြားထားလို့ရတယ်။ သူပို့သမျှ message တွေက အဲဒီထဲကိုပဲ သွားမှာဆိုတော့ message အသစ်ဝင်လာရင်တောင် password ကို နှိပ်ပေးမှ ဖတ်လို့ရမှာပေါ့။
  2. Theme ပါ။ ဒီဇိုင်းတွေ အမြောက်အမြားရှိပါတယ်။ လှတပတ themes တချို့ကိုလဲ ဒေါင်းလုပ်ဆွဲလို့ရအောင် ထည့်ပေးလိုက်ပါတယ်။
  3. Ringtone ပါ။ ကိုယ်ကြိုက်တဲ့ contact တိုင်းအတွက် ကြိုက်တဲ့ notification ringtone ထားလို့ရပါတယ်။
  4. Notification LED အရောင်ပါ။ ကိုယ့်ဖုန်းရဲ့ ဖုန်းပြောရင်နားထောင်တဲ့ speaker နားမှာ LED မီးလုံးလေးရှိပါတယ်။ အားသွင်းရင် လင်းတဲ့ မီးလုံးလေးပါ။ ကိုယ့်ဖုန်းကသာ မီးရောင်းစုံ ထောက်ပံ့ပေးနိုင်တယ်ဆိုရင် ကိုယ့်စိတ်ကြိုအရောင်ထားလို့ရပါတယ်။ Normal မီးအရောင်နဲ့ Private အတွက် မီးအရောင်နှစ်မျိုးပါ။ ရောင်စုံ LED ကို နောက်ပိုင်းဖုန်းမော်ဒယ် အနည်းငယ်ပဲ မြင့်တာလေးတွေတောင်မှ ထောက်ပံ့ပေးပါတယ်။ အရောင်တွေကတော့ အနီ၊ အပြာ၊ခရမ်း၊ အပြာနု၊ အဝါ၊ လိမ္ပော် စသဖြင့် အရောင်စုံရပါတယ်။
Gosms pro version အသစ်ကို  Myanmar Mobile App Store မှာ freedownload ရယူနိုင်ပါတယ် ..

အသုံးဝင်သော Web ဆိုဒ်များ

 

  • http://www.myanmaronlinemusic.com
  • http://karaoke-mic.blogspot.com
  • http://www.apytz.net
  • http://www.myanmarsongs.net
  • http://myanmarmusiconline.net
  • http://music.all-channel.com 
  • http://www.burmeseclassic.com
  • http://onlinesongslover.blogspot.com
  •  
  •  
  •   

    • Eleven Media Group Click 
    • Seven Day News (ဂျာနယ်) Click  
    • Internet (ဂျာနယ်) Click 
    • Mizzima (ဂျာနယ်) Click 
    • ဈေးကွက် (ဂျာနယ်) Click 
    • Yangon Times and Flower News Click 
    • ပေါ်ပြူလာ Click
    • မြန်မာတိုင်း(မ်) Click
    • လျှပ်တပျက်(ဂျာနယ်) Click
    • The Voice Click 
    • မြန်မာသတင်းရပ်ဝန်း Click 
    • မြန်မာပို့ စ်(ဂျာနယ်) Click 
    • ရွှေအမြုတေ Click
    • အရိုင်းပန်း Click
    • ရတနာပုံနေပြည်တော်သတင်းစာ Click
    • စွယ်စုံ Media Click
    • MMDailyNews Click
     

    • အင်တာနက်မှတိုက်ရိုက်ဘောပွဲကြည့်ချင်သူများအတွက် Click
    • IT နည်းပညာလေ့လာနေသူများအတွက်မရှိမဖြစ်ကိုနေမင်းမောင် Blog လမ်းညွန်ပါ Click
    • Apple/Android/Nokia ဖုန်းများအတွက်မရှိမဖြစ် Mobile ဆိုဒ်လေးပါ Click
    • မကြည့်လိုက်ရတဲ့ဘောပွဲတွေကို Highlight ပြန်ကြည့်ဖို့ ရှာရခက်နေရင်တော့ဒီကိုသွားလိုက်ပါ Click
    • တိုင်းရေးပြည်ရေးစိတ်ဝင်စားသူတွေအတွက်တစ်နေရာထဲမှာစုံလင်လှတဲ့ဒေါက်တာလွန်းဆွေBlogပါ Click
    • ၂၄နာရီ ESPN/SkySport စသည့်နာမည်ကြီးရုပ်သံလိုင်းများကြည့်ချင်ရင်တော့ Click
    • Computer Programming စိတ်ပါဝင်စားသူများအတွက် Video Tutorial ဆိုဒ်လေးပါ Click
    • သီချင်းလေးတွေကိုဒေါင်းလုပ်မလုပ်ပဲတိုက်ရိုက်နားထောင်ချင်တယ်ဆိုရင်တော့ Click
    • နာမည်ကြီး Filesonic/Wupload စသည့်နာမည်ကြီးဆိုဒ်များ၏ Premium A/C များလိုချင်ရင်တော့ Click
    • IT နည်းပညာနဲ့ ပတ်သက်သူများအတွက် ကိုခင်မောင်စိုး Blog Site လေးပါ Click
    • Wallpaper လှလှလေးတွေရှာနေသူများအတွက် Click
    • ပြည်တွင်းပြည်ပသတင်းစုံလင်ဝေဖြာလှတဲ့ရိုးရာလေးဆိုဒ်ပါ Clcik
    • ပညာရေးအတွက်ပက်သတ်တဲ့ဆောင်းပါးကောင်းကောင်းလေးတွေဖတ်ချင်ရင်တော့ Click
    • Englsih စာလေ့လာလိုသူများအတွက် The best englsih 4 you Click
    • VOA American English စာလေ့လာသူများအတွက် Click 
    • အမေရိကန် DV လျောက်လိုသူများအတွက် Official Site Click 
    • အပန်းဖြေရုပ်ရှင်ကြည့်လိုသူများအတွက် Burmesclassic Click
    • မြန်မာဘလော့အများစုကိုတစ်နေရာထဲတွင်စုံလင်စွာတင်ပြထားသော Click

Blog မှာ Facebook Like Box ထည့်နည်း



C-Box မှာ အကိုတစ်ယောက်က မေးထားလို့ Blog မှာ Facebok Like Box ထည့်နည်းကိုပြောပြလိုက်ပါတယ်။


 ထမဦးဆုံး Blog ကို Login ၀င်ပါပြီးရင် More Option Drop Down Menu ကနေ Layout ကိုရွေးပါ။Layout ထဲရောက်ပြီ ဆိုရင် Add a gadget ကိုနှိပ်ပါ။ပြီးရင် HTML/Javascript ကိုလိုက်ရှာပြီးနှိပ်ပါ။ပွင့်လာတဲ့ Page အသစ်မှာ အောက်မှာပေးထားတဲ့ Code တွေကို Copy/Paste လုပ်ပေးပါ။

<iframe src="//www.facebook.com/plugins/likebox.php?href=http://www.facebook.com/#&amp;width=292&amp;height=258&amp;colorscheme=light&amp;show_faces=true&amp;border_color&amp;stream=false&amp;header=false&amp;" style="border:none; overflow:hidden; width:292px; height:258px;" ></iframe>


Copy/Paste လုပ်ပြီးသွားရင် HTML/Javascript ကို Save လုပ်ပေးပါ။ပြီးရင် သင့်ရဲ့ Website ကိုသွားကြည့်လိုက်ပါ။Facebook Like Box ကိုတွေ့ပါလိမ့်မယ်။

 #  နေရာမှာ သင့်ရဲ့ Facebook Page Name ကိုထည့်ပေးပါ။Width တွေ Height တွေကို သင်ကြိုက်သလို ပြောင်းလဲနိုင်ပါတယ်။

Website မှာတင်သမျှ Post တွေကို Facebook သို့ Auto ရောက်အောင်ပြုလုပ်နည်း။


 ဒီ Post လေးကို Website တစ်ခုကနေ ဘော်ဒါတစ်ယောက်က မေးထားလို့ ပြန်လည်ပြီးမျှ
ဝေပေးလိုက်တာပါ။ အခြားသော Blogger သူငယ်ချင်းများလည်း ဒီနည်းလမ်းလေးကိုလိုက်လုပ်နိုင်ပါ
တယ်အောက်မှာ နည်းလမ်းနှစ်မျိုးနဲ့ ပြထားပါတယ်ဗျာ။ အဆင်ပြေတဲ့ နည်းလမ်းကိုသာရွေးသုံးနိုင်ပါ
တယ်။
Credit to - ၀င်းကမ္ဘာကျော်


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

ပထမဆုံး ဒီနေရာကို သွားပါ  http://www.networkedblogs.com/
add your blog ကိုနှိပ်ပါ..
Facebook Login ဝင်ပါ..
မိမိ ရဲ့ Blog URL ကို ထည့်ပြီး Next ကိုနှိပ်ပါ..
လိုအပ်တာတွေ ဖြည့်ပေးပါ... ဥပမာ Blog Name မှာ
ကိုယ့် Blog နာမည်ပေါ့ဗျာ...
အားလုံး လိုအပ်တာတွေ ဖြည့်ပြီးရင် Terms of service မှာ
Check (အမှန်ခြစ်လေးထည့်) ပြီး Next ကိုဆက်သွားပါ...
Are you the author of (မိမိ Blog နာမည်)? YES , NO မှာ YES ကိုရွေးပါ...

ပြီးရင် အပေါ်နားမှာ  Blogger Dashboard ကိုနှိပ်ပါ...  Grant Permissions ကိုဆက်နှိက်ပါ..
ပွင့်လာတဲ့ Box မှာ Allow ကိုရွေးပါ ...
ဘယ်ဘက်နားက Blogger Tools အောက်က Syndiction ကိုနှိပ်ပါ  Choose a blog to syndicate မှာ ကိုယ့် Blog နာမည်ကိုရွေးပေးပါ....
ပြီးရင် မိမိ Email ကိုဖွင့်ပြီး (Facebook Account Email)  Verify your email ကိုနှိပ်လိုက်ပါ ....
Thanks. Your email is verified. အောက်က  Continue ကိုနှိပ်ပါ...
Quick Publisher ကိုနှိပ်ပြီး CLick to select one more target ကိုနှိပ်ပြီး Blog က Post တွေကို မိမိ ရောက်စေချင်တဲ့ Facebook က မိမိ Profiles (or) Fan Page (or) Group စ,တာတွေ ကိုရွေးပေးပြီး Publish ကိုနှိပ်လိုက်ပါ...။ 
အဲဒါမှအဆင်မပြေသေးဘူးဆိုရင် အောက်က နည်းလမ်းအတိုင်းဆက်လုပ်ကြည့်ပါ။
ကျွန်တော်ကတော့ အပေါ်က နည်းလမ်းနဲ့အဆင်ပြေပါတယ်။ အောက်ကနည်းလမ်းကတော့ မစမ်းကြည့်ရသေးဘူးဗျာ။

1.ပထမဦးဆုံးအနေနဲ့ Facebook Account ကို Login ၀င်ထားပါ။
2. Login ၀င်ပြီးရင် ဒီနေရာ လေးကိုသွားလိုက်ပါ။
3. အဲဒီမှာ Login ကိုထပ်ဝင်လိုက်ပါ။
4.အောက်က ပုံအတိုင်း Log In with Facebook ကို နှိပ်ပေးပါ။



5.အောက်မှာမြင်ရတဲ့ ပုံအတိုင်း “Click here to continue”ကိုနှိပ်ပါ။

6.Click Register a Blog Tab.


7.Register your blog with all required data.
8.Confirm your ownership.
10.go to the NetworkedBlogs Home Page and click Blogger Dashboard.

11.click Syndication under Blogger Tools.

12.click the Grant Permissions tab and then click Allow button


13.choose your blog to syndicate and click Add Facebook Target

14.Select your profile or fan page and click Add button.

 

Full Screen Caller ID PRO v9.5.4.APK For Android


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK2SXMdEcnUvdtggwGsg6sSSyls9EFzxuwY8H7wHGp5qR90hG0WW0PhsGkB4Ah0YifSjF31QL0DxS0XOdLI0DCkmAzew_XZ2vY6vJMZgiJhcwqOu0kAKtMmyRt3iEfMmHWMC1HX2nMumFt/s1600/Ultimate+Call+Screen+HD+Pro+v9.0.0.jpg
မိမိဆီကို ၀င်လာတဲ့ အ၀င်ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်ဖော်ပေးမယ့် Application လေးတစ် ခုတင်ပေးလိုက်ပါတယ်ဗျာ။ အရင်ကတော့ ကျွန်တော်တို့ ဖုန်းကို ဖုန်းဝင်လာပြီဆိုရင် ဖုန်းခေါ်တဲ့သူရဲ့ပုံ ကိုထည့်ထားရင်တော့ ခပ်သေးသေးလေးဘဲမြင်ရပါတယ်။ အခု Full Screen Caller ကတော့ အပြည့်ကို မြင် ရအောင်ဖော်ပြပေးမှာပါ။ ဒါလေးတင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး ဖုန်းကိုင်တဲ့ / ဖုန်းချတဲ့ စတိုင်လေးပါပြောင်းသွားတယ်ဗျာ။ ဒါ့အပြင် အခြားသော Call နဲ့ပတ်သက်တဲ့ Style တော်တော်များများ ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ဗျာ။ အသေးစိတ်မရှင်းပြတော့ဘူးနော်။ ကိုတိုင်စမ်းပြီး ကလိကြည့်ရင် ဒီထက်ပိုတဲ့ Function တွေကို ရှာတွေ့မှာပါ။ အသုံးပြုရတာလွယ်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်း များမှာ အသုံးပြုနိုင်ပါတယ်ဗျာ။ စတိုင်အလန်းလေးတွေကိုတော့အောက်မှာပြပေးလိုက်တယ်နော်။ အဲဒီ အတိုင်းဖုန်းဝင်ရင်ပေါ်မှာပါဗျာ။ အဲဒီကောင်မလေးတွေကတော့ ဖုန်းခေါ်မှာမဟုတ်ဘူးနော်။......ဟဲဟဲဟဲ

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

မှတ်သားစရာ ၊ လေ့လာစရာ ဆိုဒ်ကောင်းလေတွေမျှလိုက်ပါတယ်

This summary is not available. Please click here to view the post.