facebook မှ mail တွေ ပိတ်နည်း

အခုတလော Facebook မှာ မေးမေးနေတာလေးတွေ တွေ့လို့ပါ ... Facebook Acc ဖောက်ထားတဲ့ Email တွေက လှိမ့်ဝင်နေတော့ .. မေးလ် စစ်တိုင်း စစ်တိုင်း အဲ့ဒါတွေ ဖျက်နေရတာက အလုပ်တစ်လုပ်ဖြစ် နေတယ် ... Facebook နဲ့ ရင်းနှီးနေတဲ့ သူ ၊ နည်းပညာ နဲ့ ရင်းနှီးနေတဲ့သူတွေ အတွက်တော့ ဒါက လွယ်လွယ် ... ခုမှ စသုံးသူတွေ မရင်းနှီးတဲ့ သူတွေ အတွက်ကျတော့ အဲ့ဒါက မလွယ် .. ဘယ်ကနေပြီးတော့ ဘယ်လို လုပ်ရမယ်ကို မသိတော့တာ ... အဲ့ဒါကြောင့် မသိသောသူများအတွက် နည်းလမ်းလေးပါခင်ဗျာ ... ကျွန်တော်အကြံပေးချင်တာကတော့ ကိုယ် ဘယ် App ကို သုံးမလဲ ...
သုံးမယ်ဆိုရင် အဲ့ဒီ့ဟာရဲ့ Setting ပိုင်း ၊ Security ပိုင်းကို လေ့လာစေချင်တယ် ... သိစေချင်တယ် ... အဲ့ဒါဆိုရင် ကိုယ်လည်း သုံးရတာလွယ်တယ် ... ပြီး ဘယ်နေရာတွေမှာ ဘယ်လို ပိတ်ထားရမယ်ဆိုတာ ကို သိတဲ့ အတွက်ကြောင့်မလို့ Secure လည်း ဖြစ်တာပေါ့ ... အခု ပြောမှာကတော့  Facebook Account setting ထဲက Notification ပါ ..  အဲ့ဒီ့မှာ  Notification တင်မဟုတ်ပါဘူး .. တခြား Security , General , Privacy , Blocking စသဖြင့်လေးတွေ ပါပါတယ် .. အဲ့ဒါလေးတွေ ဖတ်ပြီးတော့ ပိတ်သင့်တာ ပိတ် ကိုယ်လိုချင်တာလေး တွေ ဖွင့်ထားမယ်ဆိုရင် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ် ခင်ဗျာ ... Facebook မှ မဟုတ်ပါဘူး .. တခြား ဆိုဒ်တွေကနေပြီးတော့ လာတာတွေကို ပိတ်ချင်တယ်ဆိုရင်လည်း အဲ့ဒီ့လို သူ့ရဲ့ Option , ( Setting ) စတာတွေကနေပြီးတော့ အလွယ်တကူ သွားပြီးတော့ ပိတ်နိုင်ပါတယ် ..  မူရင်း ဆိုဒ်မှာ သွားပြီးတော့ ပိတ်နိုင်သလို ကိုယ့်ရဲ့ Gmail မှာလည်း Filter လေးသုံးပြီးတော့ ပိတ်ထားနိုင်ပါတယ်ခင်ဗျာ ... Gmail filter သုံးမယ်ဆိုရင်တော့

ခု Fb က မေးလ်တွေ မ၀င်အောင်ကတော့ ...
Facebook ရဲ့ ညာဘက်ထောင့် နားလေးမှာ ရှိတဲ့                                                                    Account Setting ဆိုတာလေးကို နှိပ်လိုက်ပါ ...

အောက်က ပုံလေးပေါ်လာပါလိမ့်မယ် ...


ပေါ်လာတယ်ဆိုရင် အဲ့ဒီ့မယ် Notifications ဆိုတာလေးကို နှိပ်လိုက်ပါ ...
ပြီးရင် ညာဘက်မှာ Email ဆိုတာလေး ရှိပါတယ် .. အဲ့ဒီ့မှာ Edit ဆိုတာလေးကို နှိပ်လိုက်ပါ ...
အဲ့ဒီ့မှာမှ ကိုယ် ပိတ်ချင်တာတွေကို Turn Off လုပ်ပြီး ပိတ်လို့ရပါတယ် ... ကျွန်တော့်ဆီမှာ ဆိုရင် See all 51 ဆို ရှိပါတယ် .. အဲ့ဒီ့လေးကို နှိပ်ပြီးတော့ အကုန်လုံး Turn Off လိုက်လုပ်လို့ရပါတယ် ... ဒါမှမဟုတ် .. Only notifications about your account , security and privacy ဆိုတာလေးမှာ ရွေးပြီး Close လုပ်ထားလိုက်ရင်လည်း ကိုယ့်ရဲ့ Email ထဲကို မ၀င်တော့ပါဘူးခင်ဗျာ ...
ရှင်းမယ်လို့ ယူဆမိပါတယ် ..
Notification နဲ့ပါတ်သတ်လို့ ကျန်တာလေးတွေကိုလည်း ကိုယ်လိုချင်သလို လုပ်ထားလို့ရပါတယ် .. အခုကတော့ Mail ထဲကို မ၀င်အောင် တားဆီးနည်းလေး ဖြစ်ပါတယ်ခင်ဗျာ ...


အားလုံး အစစအရာရာ အရင်ထက်ပို အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

0 comments:

Post a Comment