GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service

Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာ
တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊
အခုကတော့
(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊


Call Waiting
========
Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်း
အ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊ အဲဒီအချိန်မှာ လက်ရှိပြော
နေတဲ့ဖုန်းကိုမချပစ်ဘဲ .. Hold ကိုနှိပ်ပြီး နောက်ထပ်ဝင်လာတဲ့ Call ကို
လက်ခံပြီးစကားပြောလို့ရတဲ့ Service ပဲဖြစ်ပါတယ်။ ဒီ Service ကတော့
ဖုန်းတစ်လုံးမှအလွတ်မခံချင်တဲ့ လုပ်ငန်းရှင်သမားတွေအတွက်တော့
တော်တော်ကိုအသုံးဝင်တဲ့ Service တစ်ခုပဲဖြစ်ပါတယ်။
Call Forwarding
==========
Call Forwarding ဆိုတာကတော့ မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပ
ရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက်
လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိမှာဖုန်းနှစ်လုံးရှိတယ်
ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call Forwarding
Service နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာ
ဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင် ၊ ထည့်သွင်းထားတဲ့ ဒုတိယ
ဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။

ရတနာပုံတယ်လီပို့စ်ကိုဆက်သွယ်မေးမြန်းချက်အရတော့ ဒီ Service ကို
5 သိန်းတန် 450 ဖုန်းနဲ့ 1500 တန်ဖုန်းကလွဲရင်ကျန်တဲ့ဖုန်းတွေမှာ
လျောက်လို့ရတယ်လို့တောပြန်လည်ဖြေကြားထားပြီး လျောက်ထားလိုရင်
တော့ ရွှေဂုံတိုင်ရုံးမှာလျောက်ထားနိုင်သည်

လစဉ်ကြေးတွေအနေနဲ့ကတော့ >>
Call Waiting Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို ၅၀၀ ကျပ်ဖြစ်ပြီး

Call Forwarding Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို 10 FEC လစဉ် Bill ထဲကနေဖြတ်မှာဖြစ်ပါတယ်။

Android News မှတဆင့် ရှာဖွေ ဖော်ထုတ်ပေးလိုက်
ပါတယ်ဗျာ ..
By: Android News
http://bluenavyblog.blogspot.com/2013/08/gsm-call-waiting-call-forwarding-service.html
(Android News မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်)
source MobileMother

0 comments:

Post a Comment