Sumsang Galaxy Grand DUOS (GT-I9082) ကို Firmwares တင်နည်း
  andriod တွေကို firmware တင်နည်းတခုကို ပြော ပြပါမယ် android phone တော်တော်များများဟာ အမှားလုပ်မိတာနဲ့ firmware လစ်တော့တာဘဲ အများအားဖြင့်root လုပ်ပြီ boot ပြန်အတက်မှာ samsung logo မှာရပ်နေတက်ပါတယ် ကိုယ်က ဖုန်းကို root တောမယ်ဆိုရင် အရင်ဆုံး ကိုယ်ဖုန်းရဲ့firmware တွေကို အရင်ရှာထားပြီမှ root လုပ်စေခြင်ပါတယ် အခန့်မသင့်ရင် firmware ရှာမရတဲ့ဖုန်းဆို ဒီအတိုင်းမသုံးရဘဲ ပြစ်လိုက်ရပါမယ် ....
Galaxy Grand DUOS (GT-I9082) ကို Firmwares တင်ရန်အတွက် အောက်ကဖိုင်ကိုကြိုက်နှစ်သက်ရာဒေါင်းလိုက်ပါ......။
မိမိဒေါင်းပြီးကော်ပီထည့်ရမဲ့ SDcard ကို အရင် format ချရပါမယ်.....။ဒါင်လို့ ရလာတဲ့ zip ဖိုင်းကို format ချထားတော SD card ထဲသို့  copy ကူထည့်လိုက်ပါ...။ပြီးရင် sd card ကို ဖုန်းထဲသို့ ထည့်ပြီ ဖုန်းပိတ်ထားလိုက်ပါ ပြီရင်  firmware တင်ဖို့ အတွက် recovery mode ဖြစ်အောင်ဝင်ရပါမယ်  ။ (vol up (အသံချဲ့ခလုပ်)+ power + home button)  ။    recovery mode သို့ ရောက် လာပြီဆိုရင် firmware မတင်ခင်ဖုန်းထဲမှာရှိတဲ့ အမှိုက်တွေကို အရင်ရှင်းရမှာဖြစ်တဲ့အတွက် vol ခလုတ်တွေအသုံးပြုပြီ wipe data/factory reset နေရာကိုသွားပြီ ဖုန်းခေါ်တဲ့ခလုတ်ကို တစ်ချက်နှိပ်ပေးပါ ပြီးရင် အထဲကစာတန်တွေထဲက Yes – delete all user data ကိုနှိပ်ပေးလိုက်ပါ   သူဟာသူလုပ်  သွားပါမယ်   ပြီးရင်  စောစောက မူလမျက်နှာ   ပြန်ရောက်သွားပါမယ်
copy ကူထားတဲ့  I9082XXAMB3_I9082ODDMB2_SLK.zip ဖိုင်းရွေးပေးလိုက်ရင် သူဟာသူ firmware တင်သွားပါမယ်ပြီးရင် reboot လုပ်ပေးလိုက်ရင် ဖုန်းပိတ်ပြီ ပြန်တက်လာရင် အာလုံးအိုကေ ပါပြီ  ။  တစ်ခါတစ်လေ ပြန်မတက်လာသေး ရင် စောစောက အမှိုက်ရှင်းသလို ပြန်လုပ်ပြီ ဘက်ထရီးဖြုတ်ပြီး၃မိနစ်လောက်ထားပြီး ပြန်တပ်ပြီး ပြန်ဖွင့်ပါ အာလုံးအောင်မြင်သွားပါလိမ့်မယ်.......။
ဒီတနည်းနဲ့ အဆင်မပြေရင် Odin နဲ့ လည်း အသုံးပြုလို့ အဆင်ပြေပါတယ်...။
တောင်းပန်ချက်.....း ကျနော်ပိုစ်ရေးတာမကြာသေးတဲ့အတွက် လိုအက်ချက်လေးတွေ ရှိမယ်ဆိုရင်တောင်းပန်ပါတယ်.....။လိုအပ်ချက်များကို တွေ့ရင် ထောက်ပြပေးကြပါလို့ အကူညီတောင်းချင်ပါတယ်... ။လိုအပ်တာလေးတွေကိုအတတ်နိုင်ဆုံးပြုပြင်ပြီး ပြည့်စုံအောင် ကြိုးစားပါသွားပါမယ်....ကျေးဇူးတင်ပါတယ်....။
အားလုံးအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်....။
0 comments:
Post a Comment