Windows Vs Mac ကွာခြားပုံ။

Windows ဟာ Microsoft ကုမ္မဏီ ကထုတ်လုပ်တာဖြစ်ပါတယ်။ PC User တွေကြား ၁၉၈၅ ခုနှစ် နောက်ပိုင်မှာ ရုတ်တရက် လူသိများကျော်ကြားလာခဲ့တဲ့ OS လည်းဖြစ်ပါတယ်။ Windows ဟာနှစ်မျိုးထုတ်ပါတယ် တစ်ခုက တစ်ကိုယ်ရေသုံး နဲ့ နောက်တစ်ခုကတော့ professional သုံးဖြစ်ပါတယ်။ တစ်ကိုယ်ရေအတွက် ထုတ်ထားတဲ့ Windows မှာတော့ ဖျော်ဖြေရေး အပိုင်းမှာ အလေးပေးထား ပြီး ကွန်ယက်ချိတ်ဆက်မှုအပိုင်မှာ တော့လျှော့ထားပါတယ်။ Professional version မှာတော့ ကွန်ယက်ချိတ်ဆက်မှု အပိုင်းနှင့်လုံ  ခြုံရေးအပိုင်းတွေကို အလေးပေး ထားပြီး ဖျော်ဖြေရေးအပိုင်းတွေမှာ လျှော့ထားပါတယ်။ Macintosh Mac လို့ လည်းခေါ်ဆိုကြပါတယ်။ Mac Apple Inc က ထုတ်တာဖြစ်ပါတယ်။ Apple Inc က သူထုတ်လုပ်တဲ့ hardware မှာအသုံးပြုဖို့ သူကိုယ်ပိုင် OS ကိုထုတ်လုပ်တာဖြစ်ပါတယ်။ Mac မှာလည်း အုပ်စုနှစ်မျိုးရှိပါတယ်။ Classic Mac Os နဲ့ Mac OS X ဖြစ်ပါတယ်။ OS 9 မတိုင်ခင်ထိကို Classic Mac OS ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မှာတော့ Mac OS X လို့ အများက သိရှိကြပါတယ်။ မြန်မာနိုင်ငံတွင် အသုံးနည်းသေးသော်လည်း အခြားနိုင်ငံများတွင် သုံးပြုသူများပြားလှသည်။ Windows OS က DOS ကိုအခြေခံပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ OS X ကတော့ Unix ကိုအခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ် Windows ကတော့ Computer တွေအားလုံးမှာထည့်သုံးလို့ရပြီး၊ Mac ကတော့ သူ့ Apple hardware မှာပဲထည့်သုံးမှ အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။ Windows ဟာ ရုံးလုပ်ငန်းတွေမှာ အဆင်ပြေပြေသုံးဖို့ အလေးပေးထား ထုတ်လုပ်ထာပါတယ်၊ Mac ကတော့ Graphics နဲ့ Multimedia လုပ်ငန်းတွေ အတွက် အလေးပေးထုတ်လုပ်ထာပါတယ်။ Mac ဟာ ဓာတ်ပုံ၊ ဗွီဒီယို နှင့် အသံပိုင်းဆိုင်ရာ တည်ဖြတ်ရာတွင် လူသိများကျော်ကြားလှပါတယ်။ Windows မှာ Control ကီး လို့ခေါ်ပြီး Mac မှာကျတော့ Command Key လို့ခေါ်ပါတယ်။ Windows မှာ Command Prompt လို့ခေါ်ပြီး Mac မှာကျတော့ Terminal လို့ခေါ်ပါတယ်။ Windows မှာ Control Panel လို့ခေါ်ပြီး Mac မှာကျတော့ System Preferences လို့ခေါ်ပါတယ်။ Windows နှင့် Mac မှာ GUI နေရာချထားပုံနဲ့ စီမံခန့်ခွဲမှုအစိတ်အပိုင်းတွေကွားခြာပါတယ်။ Windows OS တစ်ခွေ $100 အထက်မှာရှိပါတယ်၊ Mac OS တစ်ခွေ $20 ပတ်ဝန်းကျင်မှာရှိပါတယ်။ Windows အတွက် Free Application တွေများပါတယ်။ Mac အတွက်တော့ Free Application တွေနည်းပါတယ်။ Windows နဲ့ Mac ဒီဟာပိုကောင်းတယ် ဟိုဟာပိုကောင်းတယ် ဆိုပြီးပြောလို့မရပါဘူး၊ User တွေရဲ့ အသုံးဝင်မှုအပေါ်မူတည်ပြီး နှစ်ခုစလုံးဟာ ကောင်းတာရော မကောင်းတာရော ဖြစ်နိုင်ပါတယ်။ ဒါနဲ့ စကားမစပ် ခင်ဗျားရော ဘယ် User ဖြစ်နေလဲ?

Credit To Aung Win

0 comments:

Post a Comment